ခမ်းသားငေါဝ်း
မေလ ၂၊ ၂၀၂၅

https://www.facebook.com/share/p/1CNBGtH3gy/

လားရှိုးမြို့တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးလုပ်ငန်းများ ပြန်လည်ပတ်ရန် အခြားဒေသသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာ အကြီးပိုင်းကို စစ်ယာဉ်တန်းဖြင့် လားရှိုးမြို့သို့ ပို့ဆောင်နေ ကြောင်း မေလ(၂)ရက်မှာ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုးကန့်တပ် (MNDAA)ဆုတ်ခွာပြီး လက်ရှိစစ်ကောင်စီမှ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ရာ အခြားမြို့သို့ပြောင်းရွှေ့ထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများထဲမှ အကြီးပိုင်းကိုသာ အရင်ပြန်ဝင်ခိုင်းပြီး ဧပြီလ(၃၀) ရက်က စစ်ယာဉ်တန်းဖြင့် ပို့ဆောင်ကြောင်း သိရသည်။

“တောင်ကြီးတို့ဖက် ပြောင်းရွှေ့ထားတဲ့ ကျန်းမာရေးတို့၊ ထွေအုပ်၊ရဲ၊ လဝက၊ ပညာ‌ရေး ပိုင်းတို့ပေါ့ အဓိကတော့ အကြီးပိုင်းကို အရင်ပြန်ခေါ်တယ်။ ကားအစီး(၄၀)ကျော်မယ်။ အမည်စာရင်း လူဘယ်နှစ်ဆယ် အဲ့လိုနဲ့စစ်ယာဉ်တန်းနဲ့ပို့ဆောင်ကြတယ်။ လမ်းမှာ စားတာအိပ်တာက ရောက်တဲ့မြို့မှာရှိတဲ့ ဌာနဆိုင်ရာတွေက စီစဉ်ပေးရတယ်။ အိပ်တာကအစ စစ်ကြောင်းမှူးလို့ပြောရမှာလား သူစီစဉ်တဲ့နေရာမှာပဲ အကုန်အိပ်ကြရတာ။ ‌လမ်းမှာရောက်တဲ့မြို့မှာ အမျိုး အသိရှိလို့ သူတို့နဲ့သွားတည်းမယ် လုပ်လို့မရဘူး။ နားချင်သလို နားလို့မရဘူး”ဟု အမည်မဖော်လိုသည့် အစိုးရဝန်ထမ်း(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

တစ်ဖက်တွင်လည်း လားရှိုးမြို့အုပ်ချုပ်သူ အပြောင်းအလဲကြား သူခိုး၊ဓားပြ ပေါလာပြီး ဒေသခံများက သွားလာရေး စိုးရိမ်မှုများရှိသကဲ့သို့ လားရှိုးမြို့ ပြည်သူဆေးရုံကြီးလည်း ပစ္စည်းများ မစုံတော့သည့်အတွက် ပြန်လည်ပတ်နိုင်ရန်မလွယ်ကူသေးသည်ကို မြင်ရကြောင်း ဒေသခံထံမှ သိရသည်။

လားရှိုးမြို့ကို တရုတ်၏ ကြားဝင်‌ညှိနှိုင်းမှု‌ဖြင့်စေ MNDAAနှင့် စစ်ကောင်စီတို့ကြား အပစ်ရပ်သဘောတူကြောင်း တရုတ်မှထုတ်ပြန်ကြေညာပြီး ကိုးကန့်တပ်သည် ဧပြီလ(၂၀)ရက်နောက်ပိုင်း မြို့တွင်း ဆုတ်ခွာကာ စစ်ကောင်စီမှ ပြန်လည်အုပ်ချုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

#PPV011
#နိုင်ငံရေး
#လားရှိုး
#စစ်ကောင်စီ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။