ခမ်းသားငေါဝ်း
မေလ၂ ၊ ၂၀၂၅
https://www.facebook.com/share/p/1JbjCHiKdh/
PNO ပြည်သူ့စစ်မှ ရုရှားစစ်သင်တန်းဆရာခေါ်ယူပြီးပြုလုပ်သည့် အဆင့်မြင့်စစ်ရေးအထူးကွန်မဒိုသင်တန်းဆင်းပွဲကိုမေလ ၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြည်သူ့စစ်သင်တန်းကိုရှမ်းပြည်နယ်တောင်ပိုင်း ဆိုက်ခေါင်ဒေသရှိ အောင်ဆုဗွေတွင်ပြုလုပ်ခဲ့ပြီး သင်တန်းသား ၁၅၀ ဦးဖြင့် ၅ လနီးပါးကြာမြင့်ခဲ့ကြောင်း PNO လက်အောက်သတင်းဌာန MMK ဖော်ပြချက်အရ သိရသည်။
PNO ပြည်သူ့စစ်က ပြည်သူများထံ ကားခွန်၊ အိမ်ခွန်၊ ဆိုင်ခွန် စသည့်မတရားအခွန်များကို မထည့်မနေရ အတင်းအဓမ္မကောက်ခံပြီးရလာသည့်ငွေကို ရုရှားစစ်သင်တန်းဆရာကိုခေါ်ယူသင်တန်းပေးခြင်းဖြစ်ကြောင်း သတင်းရင်မြစ် တစ်ဦးကပြောသည်။
ထိုစစ်သင်တန်းကို သာမာန်လူတက်ရောက်၍မရဘဲ အထူးစိစစ်ပြီးမှသွားခွင့်ရကြောင်း၊ သင်တန်းတွင် ထောက်လှမ်းရေး၊ ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုနှင့် အထူးတိုက်ခိုက်ရေးခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။
photo credit MMK
#ppv002
#Humanright
#PNO
#အောင်ဆုဗွေ
#ပြည်သူ့စစ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။