ခမ်းသားငေါဝ်း
မေ ၂၊ ၂၀၂၅

https://www.facebook.com/share/p/12KAoufYNqi/

မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကျောက်ဆောင်မြေခြားရွာအတွင်း ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ကျောက်ဆောင်မြေခြားရွာတွင် မေလ ၁ ရက်နေ့ညနေပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကျေးရွာအတွင်း ရေကြီးမှုဖြစ်ပွားပြီး နေအိမ်တချို့လည်း ရေတစ်ဝက်မြုပ်ခဲ့ကြောင်းသိရသည်။

“မိုးက သည်းသည်းမဲမဲရွာတော့ မြောင်းကမဆံ့တော့ဘူး။ နေအိမ်တွေအထိ ရေတက်သွားတယ်။ ရွာမှာ ဒီလို ဖြစ်တာ ခုမကြုံဖူးတယ်။ ဒီမနက်ပိုင်းအထိ မြေနိမ့်ပိုင်းမှာရှိတဲ့အိမ်တွေ ရေအကုန်မကျသေးဘူး ဒူးအောက်အထိ ရှိနေသေးတယ်။မိုးကလည်း ဖွဲ့ဖွဲ့ရွာနေသေးတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ရေမြုပ်သွားခြင်းကြောင်း ရွာသားအိမ်အောက်ရှိသိုလှောင်ထားသော နွားချီးများ၊အာလူးများ၊ဂျင်းများ ရေမြုပ်ပျက်စီးသွားခြင်းများရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ၂၈ ရက်နေ့တွင်လည်း ဟိုပုံးမြို့နယ် ၊ အောင်ပန်းမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသည့်အပြင် လေပြင်းပါ တိုက်ခိုက်သောကြောင့် ဒေသခံနေအိမ် ၅၀ ကျော်ပျက်စီးခဲ့ကြောင်းသိရသည်။

#PPV005
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ကလောမြို့နယ်
#ကျောက်ဆောင်မြေခြားရွာ
#မိုးသည်းထန်စွာရွာသွန်း
#ရေကြီးမှုဖြစ်ပွား
#နေအိမ်တစ်ချို့ရေတစ်ဝက်မြုပ်ခဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7