ခမ်းသားငေါဝ်း
မေလ ၂၊ ၂၀၂၅
မိုးရွာချိန် တောင်ကြီးမြို့ရှောင်လမ်း လမ်းချော် လမ်းပျက်ခြင်းကြောင့်အန္တရာယ်အလွန်များပြီး သတိဖြင့် မောင်းနှင်ရန်ကားဆရာများကအသိပေးပြောဆိုထား သည်။
တောင်ကြီးတွင် ဧပြီလကုန်ရက်မှစပြီး နေ့စဉ် မိုးရွာသွန်းသဖြင့် မြို့ရှောင်လမ်း ဆင်တောင်အတက်လမ်းတွင် တွဲကားကြီးများတန်းစီ စောင့်ဆိုင်းနေရပြီး ၊ သတိဖြင့် မောင်းနှင် ရကြောင်း ယာဉ်မောင်း များက ဆိုသည်။
“ဒီတောင်ကြီး မြို့ရှောင် ဆင်တောင် အတက်လမ်း က မိုးတွင်းဆိုရင် လမ်းချော်လို့ အရမ်း အန္တရာယ်များ လို့ စောင့်ဆိုင်းနေကြတာများတယ်။ အခုမှ စမောင်းတဲ့ လမ်းဆိုတော့ လမ်းကြောသိပ်မနပ်တာလည်းများတယ်။ လမ်းလည်းကျဉ်းတယ်။ တစ်ဖက်မှာလည်း ချောက်ကမ်းပါး ရှိတယ်။ လမ်းကတစ်စီးချင်းဖြည်းဖြည်းချင်း မောင်းရမယ့်လမ်းပဲ၊ ကုန်စည်ပါရင်တော့ အတော်လေးသတိထား မောင်းရမယ့်လမ်းပါ။” ဟု တွဲကား ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ရွှေညောင် အတက်လမ်း မွေးမြူဇုန် လမ်းဆုံမှ စတင်၍ ဆင်တောင် အတက်လမ်းကို သတိဖြင့် မောင်းနှင်ရန် လိုအပ်ကာ တောင်တန်းတစ်လျှောက် တွင် အဆင်းအတက် မတ်စောက်ခြင်း၊ လမ်းကျဉ်းခြင်း ၊ လမ်းချော်ခြင်း ၊ အဆင်းရှည်ခြင်းတို့ကြောင်း တွဲကား ကုန်စည်မော်တော်ကားများအတွက် သတိပြု မောင်းနှင်ရန် လိုအပ်ကြောင်း ကားဆရာများက ဆိုသည်။
၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက် ၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ စတင်၍ တောင်ကြီးမြို့ရှောင် လမ်းအတိုင်း ကုန်စည် တင်ဆောင်ထားသော တွဲကားများ မောင်းနှင်ရမည် ဖြစ်ကာ ၊ တောင်ကြီးမြို့ကို ဖြတ်သန်း သွားလာခွင့် မပြုတော့ကြောင်းသိရသည်။
တောင်ကြီးမြို့၊ တောင်ဘက် မြို့ရှောင်လမ်းသည် ရွှေညောင်မှ စတင်ကာ၊ စက်မှုဇုန်အနီးရှိ မွေးမြူရေးဇုန်၊ ထီရီး ကျေးရွာ၊ လင်းကွင်းကျေးရွာမှ တောင်ဘက်အတိုင်း ညိုမီးကျေးရွာ၊ နောင်ထလိကျေးရွာ မှ တဆင့် တောင်ကြီးအထွက် ရှိ ၄ မိုင်ကွေ့ တွင်ပြန်လည်ထွက်ရှိလာမည်ဖြစ်ပြီး၊ အေးသာယာနှင့် တောင်ကြီးမြို့ တို့ကို ရှောင်ကွင်းနိုင်ကြောင်း သိရသည်။
video credit
#PPV-006
#ယာဥ်အန္တရာယ်
#မြို့ရှောင်လမ်း
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။