ခမ်းသားငေါဝ်း
မေ ၁၊ ၂၀၂၅
https://www.facebook.com/share/p/16UqyLs49S/
မိုးဗြဲတွင် ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လေယာဥ်ဖြင့် နေ့စဉ်အဆက်မပြတ် ပစ်ခတ်နေကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးထံမှသိရသည်။
ရှမ်း-ကရင်နီ (ကယား) နယ်စပ်မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီသည် လက်နက်ကြီး၊ လေယာဉ်များဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်။
” ထိတွေ့မှုတွေကရှိနေတုန်းပဲ၊ အနည်းအများပဲကွာတာပေါ့လေ၊ စစ်ကောင်စီကတော့ လက်နက်ကြီး နေ့တိုင်းပစ်တယ်၊ တစ်ရက်ကို အနည်းဆုံး အလုံး ၅၀၊ ၆၀ လောက်ရှိတယ်၊ လေယာဉ်တွေနဲ့လည်း ခနခနလာကြဲ နေတယ်” ဟုတော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီး ဖြင့် အဆက်မပြတ် ပစ်ကူ ပေးနေသောကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင်လည်း စစ်ကောင်စီက အင်အား ၃၀၀ ၀န်းကျင်ဖြင့် မြိးဗြဲမြို့ကိုစစ်ကြောင်းထိုးလာခဲ့ကာ တော်လှန်ရေးအင်အားစုများ နှင့်တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီး၊ လေယာဉ်ပစ်ကူများ ကြောင့် ရှေ့ကာကင်းအချို့လက်လွတ်ခဲ့ရ ကြောင်းသိရသည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးမှုများပြုလုပ်နေသောကြောင့် တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူများ မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာခြင်းမပြုကြရန် တော်လှန်ရေးအင်အားစုများက သတိပေး ထားသည်။
PPV 003
ပုံ-အွန်လိုင်း
#စစ်ရေး
#ရှမ်း-ကရင်နီ
#ကယား
#နယ်စပ်မိုးဗြဲမြို့
#ပြန်လည်ထိန်းချုပ်နိုင်ရန်
#လက်နက်ကြီး
#လေယာဉ်များ
#အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်
#အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7