ခမ်းသားငေါဝ်း
မေလ၂၊ ၂၀၂၅

https://www.facebook.com/share/p/12JY8EX9x8L/

တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် PSLF/TNLAနှင့် စစ်ကောင်စီတို့ တရုတ်ပြည် ကူမင်းမြို့သို့ တွေ့‌ဆုံ‌ ဆွေးနွေးမှု မအောင်‌မြင်ကြောင်း PSLF/TNLAမှ ယနေ့တွင် ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ဧပြီလ(၂၈)ရက်(၂၉)ရက်က ကူမင်းမြို့၌ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF /TNLA၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စလှယ်များနှင့် စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် ကိုယ်စလှယ်တို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုဆွေးနွေးမှုသည် စစ်ကောင်စီကိုယ်စားလှယ်တို့က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စသော ဒေသနှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အထိ တအောင်းတပ်မတော် တပ်ဖွဲ့များအားလုံးကို ပြန်လည်ဆုတ်ခွာရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ တောင်းဆိုချက်ကို PSLF/TNLA ကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်ဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ကိစ္စအတွက် လာမည့် ဩဂုတ်လမှာ ပြန်လည်ဆွေးနွေးရန် သဘောတူခဲ့ကြောင်း ဖော်ပြထားသည်။

လေကြောင်းမှ ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်း စသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်တန့်ရန်၊ တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန် MNDAAကဲ့သို့ တဆင့်တိုးအပစ်ရပ်စဲရေး ပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ အလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုကို တိုးတက်စေရန် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

#PPV011
#နိုင်ငံရေး
#TNLA
#စစ်ကောင်စီ
#တွေ့ဆုံဆွေးနွေး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။