ခမ်းသားငေါဝ်း
မေလ ၂၊ ၂၀၂၅
https://www.facebook.com/share/p/16L2CN2Fd1/
ငလျင် နောက်ဆက်တွဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် ညီနောင်မဟာ မိတ် ၃ ဖွဲ့ဖြစ်သော MNDAA၊ TNLA၊ AA တို့က တစ်ဖက်သတ်အပစ်ရပ်ကာလ တစ်လထပ်မံသက်တမ်းတိုးလိုက် ကြောင်း ပူးတွဲထုတ်ပြန်ထားသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင် နှင့်ငလျင်ငယ်များ လှုပ်ခတ်မှုများကြောင့် ကြီးမားသောပျက်စီးဆုံးရှုံးမှုများကို လုပ်ဆောင်နေကြသည့် ကယ်ဆယ်ရေးလုပ်ငန်းများသည် တစ်လတာကြာသည့် တိုင်အောင် ထိရောက်စွာလှုပ်နိုင်ခြင်းမရှိ သေးသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် ၂၀၂၅ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်ရပ်ကာလကို သက်တမ်းတိုးထား ကြောင်းဆိုသည်။
ငလျင်လှုပ်ခတ်မှုအပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နိုင်ရန်အတွက်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီလ တစ်လတာအပစ်ရပ်စဲ ကြောင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ဤထုတ်ပြန်ချက်အား ထုတ်ပြန်ကြေညာလိုက်သည့် အချိန်မှ စ၍ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး ပြုလုပ်မည်မဟုတ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
#PPV 003
#စစ်ရေး
#နိုင်ငံရေး
#ညီနောင်မဟာမိတ်
#အပစ်ရပ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။