ခမ်းသားငေါဝ်း
မေလ ၂၊ ၂၀၂၅
https://www.facebook.com/share/p/16Nt1Ntefk/
စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ ဒရုန်း ဟောင်ဝေဇာတို့ကို အသုံးပြုပြီး နောင်ချိုမြို့နယ်ကိုပစ်ခတ်တိုက်ခိုက်ကြောင်း TNLA ထုတ်ပြန်ထားသည်။
နောင်ချိုမြို့နယ်၊ လုံခံကျေးရွာတွင် မေလ(၁)ရက်နေ့ ည(၆)နာရီ (၄၅)မိနစ်မှာ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး ကြဲကျတိုက်ခိုက်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် တောင်ခမ်းကျေး ရွာရှိ(၃၅၄)တပ်စခန်းမှနေပြီး TNLA တည်ရှိရာကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဟောင်ဝေဇာဖြင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလ(၃၀)ရက်တွင်လည်း စစ်ကောင်စီတပ်သည် မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားတွင် လေကြောင်းဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံးကြဲချတိုက်ခိုက်ကြောင်း ဖော်ပြထားသည်။
TNLA၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သည် ဧပြီလထဲ၌ နောင်ချိုမြို့နယ်အတွင်း တိုက်ခိုက်မှု လက်နက်ကြီး(၂၆)လုံး၊ အဆိပ်ငွေ့ဗုံး(၃၇)လုံး၊ လေကြောင်းဗုံး (၃၂)လုံးရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နယ်မြေများတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်း ဖော်ပြထားသည်။
#PPV011
#Humanright
#နောင်ချို
#လက်နက်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။