ခမ်းသားငေါဝ်း

ဧပြီ ၂၉၊ ၂၀၂၅

https://www.facebook.com/share/v/1BuCbyBZDA/

ငလျင်ဘေးသင့်နေသည့် အင်လေးဒေသတွင် ယခုရက်ပိုင်းအတွင်းမိုးရွာသဖြင့် ဒေသခံများအတွက် နေရာထိုင်ခင်းအခက်အခဲဖြစ်နေပြီး အကူအညီများလိုအပ်နေကြောင်း ဧပြီလ(၂၉)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ဧပြီလ(၂၇)ရက်နေ့မှစကာ မိုးများရွာသွန်းနေသဖြင့် ငလျင်ဘေးသင့်ဒေသခံများအတွက် နေရာထိုင်ခင်းအခက်အခဲဖြစ်နေကြပြီး ပြန်လည်ထူထောင်ရေး မြန်မြန်ပြီးနိုင်ရန်အတွက် လူအင်အား အကူအညီများလိုအပ်နေကြောင်း သိရသည်။

“အခုကမိုးရွာနေတော့ သူတို့အတွက်နေရတာအဆင်မပြေဘူး၊ အမိုးအကာတွေမလုံ မိုးကလည်းရွာတော့ သူတို့နေရာတွေကမိုးစိုကုန်တယ် မိုးဆက်ရွာမယ်ဆိုရင်တော့ သူတို့အတွက် ပိုအခက်အခဲဖြစ်မယ်” ဟုဒေသခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့်နေအိမ်များအတွက် ပြန်လည်ပြုပြင်ရန် လူအင်အား၊ လက်သမားဆရာ စသဖြင့်အကူအညီများစွာလိုအပ်နေသေးကြောင်း သိရသည်။

“အခုကအိမ်အမြန်ပြန်တည်ဆောက်ဖို့ လူအင်အားတွေလည်းမရှိဘူး၊ လက်သမားဆရာတွေလည်းလိုတယ် တစ်ခြားတော့မရှိတော့ပါဘူး ပြန်လည်ထူထောင်ရေးမှာ လူအင်အားနဲ့ လက်သမားဆရာတွေက အလိုအပ်ဆုံးဖြစ်နေတယ်” ဟု၎င်းကဆက်ပြောသည်။

ထို့အပြင်အင်းလေးဒေသတွင် နေအိမ်ပြန်လည်တည်ဆောက်ရန် လိုအပ်နေသည့်ဝါးသည်လည်း ဈေးအဆမတန်မြင့်တက်နေပြီး ဝါးတစ်လုံးကို (၁)သောင်း(၈)ထောင်ကျပ်အထိ ပေးဝယ်နေရသဖြင့် ဒေသခံများအခက်အခဲဖြစ်နေရကြောင်း သိရသည်။

အင်းလေးဒေသတွင် မတ်လ(၂၈)ရက်နေ့၌ လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် ကျေးရွာ(၂၅)ရွာရှိ ဒေသခံအဆောက်အအုံ (၃)ထောင်(၂၂၅)လုံးပျက်စီးခဲ့ရပြီး လူဦးရေ(၁၀၀)နီးပါး သေဆုံးခဲ့ရကြောင်း ငလျင်ဒဏ်သင့်တစ်လကျော်ကြာသည်အထိ အကူအညီများလည်း လိုအပ်နေသေးကြောင်း သိရသည်။

#PPV007
ဗွီဒီယို-Cj
#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#မိုးများရွာသွန်းနေ
#ငလျင်ဘေးသင့်ဒေသခံများ
#နေရာထိုင်ခင်းအခက်အခဲဖြစ်
#ပြန်လည်ထူထောင်ရေးမြန်မြန်ပြီးနိုင်ရန်
#လူအင်အားအကူအညီများလိုအပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7