ခမ်းသားငေါဝ်း
ဧပြီ ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/1AMYavcguM/
တောင်ခမ်းကျေးရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး (၁၁ )လုံးနှင့် လက်နက်ကြီး (၂၆ )လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိစစ်ကောင်စီ (၉၀၂)တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေချိန် ဧပြီလ (၂၉)ရက် နံနက် (၈း၀၀)နာရီမှ ညနေ (၃း၄၀)နာရီအထိ အဆိပ်ငွေ့ဗုံးများ လာရောက်ကြဲချခဲ့ပြီး (၉၀၂)နှင့် (၄၅၃)တပ်စခန်းမှနေ၍ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် အပစ်ရပ်စဲရေးကာလကို ဧပြီလကုန်အထိ ထပ်မံတိုးသော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကို စစ်အင်အားများ ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်များ ပြုလုပ်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ လုပ်ဆောင်နေလျှက်ကြောင်း TNLA ကဆိုသည်။
ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်လည်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှလေကြောင်းဖြင့် အဆိပ်ငွေ့ဗုံး (၈)လုံးနှင့် ဗုံး (၂၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
PPV 003
ပုံ-TNLA
#နောင်ချိုမြို့နယ်
#တောင်ခမ်းကျေးရွာ
#တိုက်ပွဲဖြစ်ပွားနေချိန်
#အဆိပ်ငွေ့ဗုံးများ
#လက်နက်ကြီးများ
#ပစ်ခတ်တိုက်ခိုက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7