ခမ်းသားငေါဝ်း
ဧပြီ ၂၉၊ ၂၀၂၅
https://m.facebook.com/story.php?story_fbid=1105569784939534&id=100064595686020&mibextid=Nif5oz
ပင်လောင်းမြို့နယ်တွင် တခါးယဥ်ရွာ တွင် အမျိုးသားတစ်ဦး ခြံမှပြန်လာနေချိန် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တခါးယဥ်ကျေးရွာနေအသက်(၃၂)အရွယ်ရှိခွန်ကျော်လွင်သည် ခြံမှပြန်လာနေစဥ် ဧပြီ ၂၉ ရက် မွန်းလွဲသုံးနာရီအချိန်တွင် မိုးကြိုးပစ်ခံရပြီးသေဆုံးသွားကြောင်းသိရသည်။
“မိုးတိတ်ပြီးခြံကနေပြန်လာနေချိန်မှာ မိုးကြိုးပစ်ခံရတယ် သူ့အစ်မကသူ့ကလေးကိုချီပြီးသူ့အရှေ့ကနေပြန်တာ မိုးကြိုးကဒုန်းဆိုပြီးပစ်တဲ့အခါ သူ့အမကျဒူးတုန်ပြီး သူ့မောင်လေးကိုနောက်လှည့်ကြည့်ချိန်မှာသူ့မောင်လေးကမောက်ပြီးလဲကျနေပြီ သူ့မောင်လေးရဲ့ရင်ဘတ်ကနေခြေထိမဲတူးကုန်ပြီး သေသွားတယ်”ဟုဖြစ်စဥ်သိရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ယခင်နှစ်တွင်ထိုနေရာသည် ပအိုဝ်းအခေါ်ဆတ်တစ်ကောင်လည်း မိုးကြိုးပစ်ခံရဖူးပြီး မသေဆုံးပဲလွတ်လာခဲ့သည့်အတွက် မိုးကြိုးပစ်ကြောရှိသည်ဟုဆိုပြီးပြောကြကြောင်း သိရသည်။
PPV-009
ပုံ-အွန်လိုင်း
#ပင်လောင်းမြို့နယ်
#တခါးယဥ်ကျေးရွာ
#ခြံမှပြန်လာနေစဥ်
#မိုးကြိုးပစ်သေဆုံး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7