ခမ်းသားငေါဝ်း
ဧပြီ ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/15T5PmjqK6/
အာဏာသိမ်းပြီးအချိန်မှစ၍ စစ်ကောင်စီသည် ကျယ်ကျယ်ပြန့်ပြန့် အဓမ္မစစ်မှုထမ်းစေခြင်းအကြောင်းပါ သုတေသန ပြုရေးသားထားသည့် အစီရင်ခံစာကို NUG သည် ဧပြီလ (၂၈)ရက်၌ ထုတ်ပြန်ခဲ့သည်။
ယင်းစာတွင် အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားလူငယ်များ၏ ထွက်ဆိုချက်မှာ နေအိမ်များ၊ လုပ်ငန်းခွင်များနှင့် စစ်ဆေးရေး ဂိတ်များတွင် စစ်ကောင်စီ၏ စီမံချက် ချမှတ် ဖမ်းဆီးမှုများကို ရင်ဆိုင်ခဲ့ရပြီး လူငယ်များနှင့် မိသားစုများကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ အတင်းအကြပ် အကြမ်းဖက်ခေါ်ဆောင်သည့် နည်းလမ်းများကိုသုံး၍ စစ်သားစုဆောင်း လျက်ရှိကြောင်းသိရသည်။
စုဆောင်းခြင်းခံရသည့် လူငယ်များထဲတွင် အသက်မပြည့်သေးသည့် ကလေး သူငယ်များနှင့် စစ်မှုထမ်းရန် ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းသူများလည်ပါဝင်ကြောင်းဆိုထားသည်။
ထို့ပြင် စစ်မှုထမ်းရန် အကြုံးဝင်သည့် လူငယ်များ၏ အမည်စာရင်းကို ကောက်ယူပြီး မိသားစုဝင်များထံ ငွေညှစ်တောင်းခံသည့် ဖြစ်ရပ်များလည်း တွေ့ရကြောင်းဖော်ပြထားသည်။
၎င်း အသက် (၁၈) နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များကို စစ်ရေးဗျူဟာတရပ်အနေဖြင့် ကျင့်သုံး၍ စစ်မှုထမ်းစေခိုင်းနေခြင်းသည် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against humanity) မြောက်ကြောင်း သုံးသပ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အတွက်ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အား စစ်ကောင်စီ၏ ယခုလုပ်ရပ်များကို အမြန်ဆုံးရပ်တန့်နိုင်ရန်အတွက် ထိရောက်သော စီးပွားရေး ပိတ်ဆို့မှုနှင့် လေယာဉ်ဆီနှင့် လက်နက်များ တင်ပို့ ရောင်းချမှုအား ပိတ်ပင်ခြင်းတို့ကို ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်းအပ်ပါကြောင်း ထုတ်ပြန်ထားသည်။
အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် အဓမ္မစစ်သား စုဆောင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင် လာသော လူငယ်များကို လူသားချင်းစာနာသော မူဝါဒအား အခြေခံ၍ စောင့်ရှောက်မှုများ လုပ်ဆောင်ပေးပါရန် အထူးတလည် တိုက်တွန်းထားပါသည်။
PPV0013
ပုံ-အွန်လိုင်း
#အာဏာသိမ်းပြီးအချိန်မှစ၍
#ကျယ်ကျယ်ပြန့်ပြန့်အဓမ္မစစ်မှုထမ်းစေခြင်း
#သုတေသနပြုရေးသားထားသည့်အစီရင်ခံစာ
#NUG
#လူငယ်များနှင့်မိသားစုများ
#ခြိမ်းခြောက်ခြင်း
#အကြပ်ကိုင်ခြင်း
#အတင်းအကြပ်အကြမ်းဖက်ခေါ်ဆောင်
#စစ်သားစုဆောင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7