ခမ်းသားငေါဝ်း
ဧပြီလ ၂၉၊ ၂၀၂၅

https://www.facebook.com/share/v/16BjE4hyeM/

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်ချိန်ခါမဟုတ် မိုးရွာပြီးနောက် ရေတက်လာ၍ အရေးပေါ် ပစ္စည်းများကို ရွေ့ပြောင်းနေကြရကြောင်း ဒေသခံ များထံမှ သိရသည် ၊။

တာချီလိတ်မြို့တွင် ဧပြီလ ၂၉ ရက် မနက်အစောပိုင်းက မယ်ဆိုင်ချောင်းရေ မြင့်တက်ကာ မြို့တွင်း ရေကြီး နစ်မြုပ်မှုများ ကြုံတွေ့ရကြောင်း သိရသည်။

“မနေ့ ညက ရွာတာ မနက်ပိုင်း သိပ်မရွာဘူး။ ဒါပေမယ့် ရေတွေ စီးဝင်လာတာ တောင်ပေါ် မှာ ရွာနေ သေးတာလား မသိဘူး”ဟု တာချီလိတ်မြို့ခံ တစ်ဦး ဆိုသည်၊။

တံတားအောက်နှင့် ပုန်းထွန်ရပ်ကွက်တွင် တောင်ကျရေများ စီးဝင်လာခြင်းကြောင့် မော်တော်ကား တချို့ နစ်မြုပ်သလို ၊ ဆိုင်ခန်းရှိ ကုန်စည်ပစ္စည်း များကို လည်း အရေးပေါ်ရွေ့ပြောင်း နေကြရပြီ ဖြစ်ကြောင်း သိရသည်၊။

တာချီလိတ် မြို့သည် ယခင်နှစ်ကလည်းမိုးကြီးပြီး ရေကြီးနစ်မြုပ်လေ့ ရှိသဖြင့် ဒေသခံများ ပစ္စည်း အမြန်ဆုံးရွေ့ပြောင်း နေရခြင်း ဖြစ်ကြောင်း ဆိုသည်၊။

ဧပြီလ ၂၈ ရက်မှ မတ်လ ၃ ရက် အတွင်း မိုးရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ကလည်း ထုတ်ပြန် အသိပေးထားသည်၊။

#ppv006
#ရာသီဥတု
#တာချီလိတ်
#ရေကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။