ခမ်းသားငေါဝ်း
ဧပြီ ၂၈၊ ၂၀၂၅

https://www.facebook.com/share/p/1AYXtTCeo5/

မိုးကြီးလေပြင်းတိုက်ခတ်ခြင်းကြောင့် တာချီလိတ်မြို့နယ် ၊ မိုင်းလင်း အုပ်စု -ဝမ်ဟ ဘုန်းတော်ကြီး ကျောင်းထိခိုက် ပျက်စီးနေသွားကြောင်းသိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့နယ် ၊ တာလေ မြို့နယ်ခွဲ ရှိ မိုင်းလင်း ကျေးရွာ အုပ်စုတွင် ဧပြီလ ၂၇ ရက် ညပိုင်း ၇ နာရီ အချိန်တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ဝမ်ဟ ကျေးရွာ ဘုန်းကြီးကျောင်း ခေါင်မိုးများ ပျက်စီးခဲ့ကြောင်း ကျောင်းထိုင် ဆရာတော်ထံမှသိရသည်။

“မနေ့ည က လေပြင်းမုန်တိုင်းကျလို့ ကျောင်း ခေါင်မိုး ပျက်စီးသွားတာ ပိုက်ဆံ တော်တော်လေး ကုန်မယ်လို့တော့ ကြားတယ်၊ ပြန်လည်ပြုပြင် ဖို့ လိုအပ်နေတဲ့ အတွက် သိစေရန်တင်ပြ ပေးထားတာပါ၊ ”ဟု ကျေးရွာ ဒေသခံတစ်ဦး က ဆိုသည်။

ထို့ပြင် ကလောမြို့နယ်ရှိ ကလောမြို့ ၊ အောင်ပန်း မြို့တို့တွင် လည်း ဧပြီလ ၂၇ ရက် က မိုးသီးများ ကျခြင်း လေပြင်း ကျခြင်းကြောင့် သီးနှံ စိုက်ခင်း များ တချို့ ထိခိုက် ပျက်စီးကြောင်းသိရသည်၊

ထို့ပြင် ဟိုပုံးမြို့နယ် နောင်ဒေး ကျေးရွာအုပ်စု ၊ သစ်ပင်လှ ကျေးရွာတွင်လည်း နေအိမ်များ 10 လုံးခန့် ပျက်စီးမှု ရှိကြောင်း ဒေသခံ များထံမှသိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ လားရှိုး မြို့နယ် မိုင်းယော် တိုက်နယ် တွင်လည်းနေအိမ် ၁၀ လုံးခန့် ထိခိုက် ပျက်စီးမှု ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက် မှ မေလ ၃ ရက် အတွင်း မိုးရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ အများ ပြည်သူ သိနိုင်ရန် အသိပေးထားသည်။

ဓါတ် ပုံ – ဆရာတော်
တာချီလိတ်မြို့နယ် ၊ မိုင်းလင်း အုပ်စု -ဝမ်ဟ ဘုန်းတော်ကြီး ကျောင်း လေပြင်း မုန်တိုင်း ဒန် ကြောင့် ထိခိုက် ပျက်စီးနေပုံ

#ppv006
#သဘာဝဘေး
#လေပြင်းမုန်တိုင်း
#တာချီလိတ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။