ခမ်းသားငေါဝ်း
ဧပြီ ၂၈၊ ၂၀၂၅
https://www.facebook.com/share/p/15VJ7YRdR8/
မိုးကြီးလေပြင်းကြောင့် ပေါတုတ်ရွာတွင် လူနေအိမ် ၁၃ လုံး အမိုးလှန်ပျက်စီးသွားပြီး ၊စိုက်ခင်းများလည်း ပျက်စီးခဲ့ရကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်၊ ပေါတုတ်ကျေးရွာ၌ဧပြီလ ၂၇ ရက်နေ့တွင် မိုးကြီး လေပြင်းတိုက်လိုက်သောကြောင့် ကျေးရွာရှိ ဒေသခံနေအိမ် ၁၃ လုံး အမိုးလှန် ပျက်စီးသွားပြီး ခရမ်းချဉ်သီးခြံ၊ ကော်ဖီထုပ်ခြံများလည်းပျက်စီးခဲ့ကြောင်းသိရသည်။
“မိုးနဲ့လေ တူတူတစ်ခါတည်းလာတာ တစ်နာရီအတွင်းဘဲ ဖြစ်တာ အိမ်တွေ ခြံတွေ အများကြီးပျက်စီးကြရတယ်။ ရွာထဲ မီးတိုင်တွေကပါ လှဲတယ်။ လေအရမ်းပြင်းတော့ အရမ်းကြောက်တယ်။”ဟု ရွာခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
အိမ်ပျက်စီးသူများသည် အိမ်ပြန်လည်ပြုပြင်နိုင်ရန်အတွက် အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့တွင်လည်း ညောင်ရွှေမြို့နယ်၊ ထီတခေါ့ရွာတွင် မိုးကြီးပြီးလေပြင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံနေအိမ်၂၁ လုံးပျက်စီးခဲ့သေးကြောင်းသိရသည်။
#PPV005
ပုံ-အွန်လိုင်း
#သဘာဝဘေး
#အောင်ပန်းမြို့နယ်
#ပေါတုတ်ကျေးရွာ
#မိုးကြီးလေပြင်းတိုက်
#နေအိမ်အမိုးလှန်ပျက်စီ
#ခရမ်းချဉ်သီးခြံ
#ကော်ဖီထုပ်ခြံများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7