ခမ်းသားငေါဝ်း
ဧပြီ ၂၈၊ ၂၀၂၅

https://www.facebook.com/share/p/1Ymmk4L4he/

ငလျင်လှုပ်ခတ်ပြီးနောက် နန်းပန်စျေးတွင် ဝါးတစ်လုံးကို တစ်သောင်းရှစ်ထောင်ကျပ်အထိ စျေးနှုန်းမြှင့်တက်သွားခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ၊နန်းပန်စျေးတွင် ငလျင်မလှုပ်ခတ်ခင်တွင် ဝါးတစ်လုံးကို ၆၀၀၀ ကျပ်သာ ရှိပြီး ငလျင်လှုပ်ခတ်ပြီးနောက် တစ်သောင်းရှစ်ထောင်ကျပ်အထိ စျေးတက်ခဲ့ကြောင်းသိရသည်။

“ဝါးကစျေးကြီးပေမယ့် ဝယ်သူတွေက အလုအယက်ဝယ်ရတယ်။ လိုအပ်သလောက်လည်းဝယ်မရဘူး။တစ်သောင်းရှစ်ထောင်က ကုန်းပေါ်ဘဲရှိသေးတယ် လှေနဲ့ပြန်သယ်ဖို့က စရိတ်သက်သက်ကုန်သေးတယ်။ ခုက ဘာဘဲလုပ်လုပ် ကုန်စျေးနှုန်းကြီးနေတာမို့ အခက်ခဲဖြစ်ရတယ်”ဟု အင်းလေးဒေသခံတစ်ဦးကပြောသည်။

ဝါးစျေးတက်သည့်အပြင် သက်ကယ်အချပ် ၁၀၀ ကိုလည်း မြန်မာငွေကျပ် ၄ သောင်းကနေမှ ၈ သောင်းကျပ်အထိစျေးတက်ခဲ့ကြောင်း သိရသည်။

ယခုတွင် ငလျင်ကြောင့်ပျက်စီးသွားသော နေအိမ်များလည်း ပြန်လည်ပြုပြင်နေကြပြီး အကူအညီများလည်း လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

အင်းလေးဒေသတွင် မတ်လ၂၈ ရက်နေ့ကလှုပ်ခတ်သောငလျင်ကြောင့်ကျေးရွာ (၂၅)ရွာမှ အဆောက်အုံ (၃၂၅၅)လုံး ပျက်စီးခဲ့ပြီး လူဦးရေ (၁၀၀)ဦးခန့် သေဆုံးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYOထုတ်ပြန်ချက်အရ သိရသည်။

#PPV005
ပုံ-အွန်လိုင်း
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#နန်းပန်စျေး
#ငလျင်မလှုပ်ခတ်
#ဝါးဈေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7