ခမ်းသားငေါဝ်း
ဧပြီလ ၂၇၊ ၂၀၂၅

https://www.facebook.com/share/p/16E1SZm8RA/

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ဘေးရှောင်အမျိုးသမီး(၃)ဦးကို စစ်ကောင်စီတပ်သားများက အဓမ္မပြုကျင့်မှုရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRFမှ ဧပြီလ(၂၄)ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် မေလ(၃)ရက်နေ့နှင့်(၄)ရက်နေ့တွင် ရွာငံမြို့နယ်ဘက်မှ ရွာငံ-သာစည်နယ်စပ် တောအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆိုထားသည်။

မေလ(၆)ရက်နေ့မှာ စစ်ကောင်စီတပ်သား မျက်ခါးအင်းကျေးရွာသို့ ရောက်ရှိလာပြီး ထိုကျေးရွာသို့ မရောက်ခင် မနက်အစောပိုင်းက တောထဲတွင် စစ်ဘေးရှောင်နေသော အမျိုးသမီး(၃)ဦးကို စစ်ကောင်စီတပ်သားများမှ အစုလိုက် အဓမ္မကျင့်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် တောထဲငိုယိုနေသော အမျိုးသမီးငယ်တို့ကို ရွာသားများကတွေ့ရှိခဲ့ပြီး အမျိုးသမီးငယ်(၁)ဦးမှ စစ်ကောင်စီတပ်သား(၆)ဦးက ၎င်းတို့ကို အဓမ္မပြုကျင့်ခဲ့ကြောင်း မိသားစုကို ပြန်လည်ပြောကြားကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီမှ အဓမ္မပြုကျင့်ခံရသော အမျိုးသမီး (၃)ဦးသည် အသက်(၁၆)နှစ် တစ်ယောက်နှင့် အသက်(၁၈)နှစ်(၂)ယောက်တို့ ဖြစ်ကြောင်းသိရသည်။

ထို့အပြင် (၂၀၂၃)ခုနှစ် ရွာငံရဲစခန်းတွင် စစ်ကောင်စီတပ်မ ၅၅ မှ အသက်(၂၃)နှစ်အရွယ် စစ်ဘေးရှောင်ကူညီနေသူ မမိုးမိုးကို နေအိမ်ထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြထားသည်။

ရွာငံရဲစခန်းတွင် သူမအား နည်းမျိုးစုံဖြင့် ရိုက်နှက်နှိပ်စက်ကာ စစ်ကောင်စီတပ်သားများက မမိုးမိုး၏ အမျိုးသမီး အင်္ဂါအတွင်းသို့ ပြင်ပ ပစ္စည်းများဖြင့် ထိုးသွင်းမှု၊ ရင်ဘတ်ကို ခါးပတ်ဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ကြောင်း ဖော်ပြထားသည်။

အလားတူ ရွာငံရဲစခန်းတွင် အချို့သော အကျဉ်းသူများက ၎င်းတို့နှင့် ပူးပေါင်းခြင်း မပြုလုပ်ပါက အမျိုးသမီးလစဉ်သုံး ပစ္စည်းများ ဝယ်ယူခွင့်ကို ပိတ်ပင်တတ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် ရွာငံဒေသတွင် ပိုမိုပြင်းထန်သော ညှင်းပန်းနှိပ်စက်မှုများ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ယခုအချိန်တွင် နေရပ်စွန့်ခွာထွက်ပြေးသူ (၁၀၀၀)ကျော်ရှိလာခဲ့ပြီး ရွာငံရှိတောတောင်များတွင် သွားရောက်ခိုလုံနေကြရကြောင်း ဖော်ပြထားသည်။

ထိုစစ်ဘေးရှောင်များသည် ဆင်းရဲဒုက္ခများစွာ ခံစားရနေသော်လည်း လူသားချင်းစာနာမှု အကူအညီများ လုံးဝမရသလောက်နီးပါး ဖြစ်နေကြောင်း ဖော်ပြထားသည်။

#PPV0011
#Humanright
#ရွာငံ
#womenright
#စစ်ကောင်စီ
#SHRF

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။