ခမ်းသားငေါဝ်း
ဧပြီ ၂၇၊ ၂၀၂၅

https://www.facebook.com/share/p/1Bc6NMWdG4/

နောင်ဒေးကျေးရွာအုပ်စု သစ်ပင်လှရွာတွင် ဧပြီလ (၂၇)နေ့၌ မိုးကြီးလေပြင်းတိုက်ခိုက်မှုကြောင့် ဒေသခံများနေအိမ် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နောင်ဒေးကျေးရွာအုပ်စု၊ သစ်ပင်လှကျေးရွာတွင် ဧပြီလ(၂၇) ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်အချိန်၌ မိုးနှင့်အတူပြင်ထန်သည့်လေများ တိုက်ခိုက်ခြင်းကြောင့် ဒေသခံများနေအိမ် (၁၀)လုံးထက်မနည်း ထိခိုက်ပျက်စီးရကြောင်း သိရသည်။

“နေ့လယ်(၁)နာရီလောက်ကဖြစ်မယ် မိုးကလည်းကြီးလေကလည်းအရမ်းတိုက်တော့ နေအိမ်ခေါင်မိုးတွေအကုန်လှန်ထွက်သွားတာ၊ ဆောက်လက်စအိမ်တစ်ချို့တွေလည်းပါသွားတယ် အကုန်လုံးက(၁၀) အိမ်ကျော်လောက်ရှိတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

မိုးသက်လေပြင်းကြား နေအိမ်ခေါင်မိုးများပါသွားသဖြင့် ယခုညတွင် နေအိမ်ပျက်စီးသွားသည့်ဒေသခံများက ဆွေမျိုးနှင့် နီးစပ်ရာအသိအိမ်၌ သွားရောက်ခိုလှုံနေရကြောင်း သိရသည်။

“အခုကစိုက်ပျိုးရာသီလည်းရောက်တော့မယ် နေအိမ်လည်းလေထဲပါသွားတော့ ဘာပြောရမှန်းတောင်မသိတော့ဘူး မိုးကလည်းကျတော့မှာဆိုတော့ အိမ်ကမြန်မြန်ပြင်နိုင်ရင် ပိုကောင်းတာပေါ့” ဟု ၎င်းကဆက်ပြောသည်။

မိုးကြီးလေပြင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် (၁၀) လုံးကျော်ထိခိုက်ပျက်းစီးသွားသည်ဟုဆိုသော်လည်း ခမ်းသားငေါဝ်းအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပဲ မြေပြင်တွင်ဒီထက်မက များနိုင်သည်။

Photo Cj
#PPV007
#သဘာဝဘေး
#နောင်ဒေး
#သစ်ပင်လှ
#ဟိုပုံး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။