ခမ်းသားငေါဝ်း

ဧပြီ ၂၇၊ ၂၀၂၅

https://www.facebook.com/share/p/1FNCi1W2vL/

ရှမ်း​ပြည််နယ်မြောက်ပိုင်းTNLA ထိန်းချုပ်သည့် မန်တုံမြို့နယ်တွင် အပတ်စဉ်(၁) နယ်ထိန်းရဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၆ ရက်တွင်ပြုလုပ်ခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကထုတ်ပြန်ထားသည်၊၊

ရဲလုပ်ငန်းများနှင့် နယ်ထိန်းလုပ်ငန်းများသိရှိနားလည်နိုင်ရန် ခိုးဆိုးလုယက်မှု၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှု စသည့်တို့ကို လျှော့နည်းပပျောက်သွားရန် နှင့် တရားဥပဒေ စိုးမိုးမှု ရှိစေရန်ရည်ရွယ်ပြီး သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းဆိုသည်။

နယ်ထိန်းသင်တန်းဖွင့်ပွဲတွင် ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားနှင့်အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်တို့မှတက်ရောက်ခဲ့ပြီးဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားမှ“ကျနော်တို့ တအာင်းပြည်အတွင်း လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသောကြောင့် နယ်ထိန်းများ၏ လုပ်ဆောင်ချက်များနည်းစနစ်တကျဖြစ်အောင် လုပ်ဆောင်ရမည်။ ၎င်းသင် တန်းမှ သင်ကြားပေးမည့် ဘာသာရပ်အပြင် ရဲလုပ်ငန်းများကို အထောက် အကူပြုစေမည့် အခြားနည်းပညာဘာ သာများကိုလည်း လေ့လာသင်ယူရန် လိုအပ်ပါသည်။ ထို့ကြောင့် ငယ်သည့်အမှု ပပျောက်သွားအောင်နှင့် ကြီးသည့်အမှု ငယ်သွားအောင် လုပ်ဆောင်ကြရမည်ဖြစ်သည်” ဟုအမှာစကားပြောကြားခဲ့ကြောင်းဆိုထားသည်။

အဆိုပါ အပတ်စဉ်(၁) နယ်ထိန်းသင်တန်းတွင် သင်တန်းသား (၃၆)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး အဓိကသင်ကြားမည်ဘာသာရပ်များသည် ရဲကျင့်ဝတ်၊ ရာဇသတ်ကြီး၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများဖြစ်ကာ ထို့သင်တန်းကာလသည်(၃)လကြာ ကြာမြင့်မည်ဖြစ်ကြောင်းဖော်ပြထားသည်၊၊

ဗိုလ်ချုပ်တားဘုန်းကျော်မှ “ရဲဆိုသည့်အသံကြားရင် ပြည်သူလူထုအများစုက မုန်းတတ်ကြပြီး။ လုပ်လည်း မလုပ်ချင်ကြဘူး။ ဘာကြောင့်ဆိုတော့သူတို့၏ မှားယွင်းသည့် လုပ်ဆောင်ချက်နှင့် လုပ်ရက်များကို ပြည်သူများက ကြုံတွေ့ခံစားနေရသောကြောင့် မုန်းကြခြင်းဖြစ်ပြီး မြို့တစ်မြို့တွင် ပြည်သူများက ရဲကို မြင်ကြသောအခါကြောက်နေမည်ဆိုရင် ထိုမြို့လေးသည် ပျော်ရွင်မည်မဟုတ်ပေ။ ထို့ကြောင့် တရားဥပ‌ဒေစိုးမိုးရေးလုပ်ငန်းများကို ရဲများမှ ပိုမိုလုပ်ဆောင်ရန် လို အပ်သည်”ဟုတိုက်တွန်းထားပါသည်။

ထို့အခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာများနှင့် သင်တန်းသားများအပါအဝင် စုစုပေါင်းလူဦးရေ (၅ဝ)ကျော်တက်ရောက်ခဲ့သည်။

PPV001
ပုံ-TNLA

#PSLF/TNLA
#စစ်ရေး
#မန်တုံမြို့နယ်
#အပတ်စဉ်(၁)
#နယ်ထိန်းသင်တန်းဖွင့်ပွဲ
#ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7