ခမ်းသားငေါဝ်း
ဧပြီလ ၂၇၊ ၂၀၂၅

https://www.facebook.com/share/p/19FLoBcVtd/

အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ဒဏ် သင့်နေအိမ်ပြန်လည်တည်ဆောက်ရန်လိုအပ်ချိန် ပင်လောင်းဒေသတွင် သဲစျေးနှုန်း အဆမတန်မြှင့်တက်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်တွင် ငလျင်မလှုပ်ခတ်မီတွင် သဲစျေးတင်ဘာ ကားတစ်စီးကို( ၉) သောင်းကျပ်သာရှိပြီး ငလျင်လှုပ်ခတ်ပြီးနောက် သဲစျေး တင်ဘာကားတစ်စီးကို ကျပ်၂ သိန်းအထိစျေးတက်သွားခဲ့ကြောင်းသိရသည်။

“သဲစျေးက အများကြီးတက်သွားတယ်။ငလျင်ကြောင့် အိမ်ပျက်စီးပြီး အိမ်ပြင်သူများလို့ သဲကိုအလုအယက်ဝယ်နေရချိန် ခုလိုစျေးတက်သွားတာ။လုံးလုံးအိမ်ပြိုသွားတဲ့သူဆို သဲစျေးကြောင့် အိမ်ပြင်ဖို့တောင် မလုပ်နိုင်ကြတော့ဘူး။လူတွေကလည်း အရေးနဲ့အကြောင်းဆို စျေးနှုန်းဘဲ တင်တင်ရောင်းကြတယ် စာနာစိတ်မရှိကြဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ပင်လောင်းမြို့နယ်တွင် သဲကို စင်းတောင်းကျေးရွာ၊ဝါးလီးကျေးရွာ ၊နောင်ပီးကျေးရွာတို့တွင် အများဆုံးထွက်ရှိကြပြီး သဲကျင်းအများစုကို PNOပြည်သူ့စစ်အဖွဲ့ဝင်များက ပိုင်ဆိုင်ထားကြောင်းသိရသည်။

ထို့အပြင် အိမ်ဆောက်ပစ္စည်းများဖြစ်ကြသော ဘိလပ်မြေ၊သံ၊သစ်၊ဝါးများလည်း စျေးနှုန်းသိသိသာသာမြှင့်တက်ကြောင်းသိရသည်။

ပင်လောင်းမြို့နယ်တွင် မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လူနေအိမ် ၇၆၅ ကျော် ထိခိုက်ပျက်စီးခဲ့ရပြီးအကူအညီများလိုအပ်လျက်ရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYOထုတ်ပြန်ချက်အရ သိရသည်။

#PPV005
#ပင်လောင်း
#စျေးကွက်
#သဲစျေး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။