ခမ်းသားငေါဝ်း
ဧပြီ ၂၅၊ ၂၀၂၅
https://www.facebook.com/share/p/1BWLwNpKxN/
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် နေ့ခင်း ကြောင်တောင် ဆိုင်ကယ် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့အထက ၆ အဆင်းလမ်းတွင် ဧပြီလ ၂၅ ရက် ၊ မွန်းလွဲပိုင်း အချိန်က၊ လမ်းလေးဆုံနေရာတွင် အမျိုးသမီးကြီး တစ်ဦး ထံမှ ဆိုင်ကယ်ဝင်ရောက် လုယူကာ မောင်းထွက်ပြေးသွားကြောင်း မျက်မြင်တွေ့ရှိသူ ပြောပြချက် အရ သိရသည်။
“အထက (၆) အဆင်းလမ်း က Tgi Pet Spa ရှေ့ နား၊ မိန်းလမ်းဖက် က ပလက်ဖောင်းနားမှာ လုသွားတာပါ။ အဲဒီ အန်တီက တော်တော်လေး ၀ တယ်။ အဲဒီမိန်းလမ်း ဖက်မှာ ပလက်ဖောင်း ပေါ် အတက် သူခိုး က ကြိုစောင့်နေတာပါ။ နှစ်ယောက် ပါ၊ အဲ အန်တီ ပလက်ဖောင်းပေါ် တက်ရုံ ရှိသေး သော့အတု ပါလာတာလား ၊ သော့မခတ်မိလို့ ဘဲလား မသိဘူး။ သော့တန်းလန်းလား မသိဘူး။ လှမ်းမြင်လိုက်တော့ သူခိုးက တက်ခွပြီး စက်နိုးပြီးပြီ။ အဲ အန်တီ က ဆိုင်ကယ် လုနေလို့ ဆိုပြီး အကျယ်ပြီး အော်ပြီး ပလက်ဖောင်းပေါ်ကနေ အောက်ဆင်း ပြေးပြီး မိခါနီးမှာ သူခိုးက မောင်းပြေးတာနေ့ခင်းကြောင် တောင် ဆိုင်ကယ် လုတာ ပါသွားတယ်။ ”ဟု မျက်မြင် တွေ့ရှိသူက ဆိုသည်။
ဧပြီလ ၂၄ ရက် မနက်ပိုင်း အချိန်တွင်လည်း မင်းကွန်းကျောင်းတွင်း ထိုင်းဘီး ၁၂၅ မော်တော်ဆိုင် ကယ် တစ်စီးခေတ္တရပ်ထားစဉ် ငါးမိနစ် အချိန်တွင်းခိုးယူခြင်း ခံလိုက်ရကြောင်း၊ ဆိုင်ကယ် ဘောက်စ် အတွင်း လိုင်စင်များပါ ထည့်ထားမိသဖြင့် ပျောက် ဆုံး သွားရကြောင်း ဆိုင်ကယ် ပိုင်ရှင် ဖြစ်သူက ပြောပြသည်။
နှစ်ဆန်းတစ်ရက်နေ့တွင်စစ်ကောင်စီက လူဆိုးသူခိုးများကို ပြန်လည်လွှတ်ပေးထားသဖြင့် ခိုးဆိုးလုယက်မှုများ ပိုမို ဆိုးသွမ်းလာနေကြောင်း ဒေသခံများက စိုးရိမ်စွာ ရင်ဖွင့်ကြသည်။
ဝါးပြားမီးပွိုင့်တွင် ယာဉ်ကြော ရှင်းလင်းရေး ဆောင်ရွက်ပေးနေသူ ယာဉ်ထိန်းတစ်ဦး၏ ကလစ်ဘီး တစ်စီးလည်းမကြာသေးခင် ရက်ပိုင်း အတွင်းက ခိုးယူခြင်း ခံလိုက်ရကြောင်းသိရသည်။
ထို့ပြင် တောင်ကြီးမြို့ စတိုးဆိုင်များတွင်လည်း အဖွဲ့လိုက် ခိုးယူမှုများလည်း ရှိကြောင်း၊ ထိုမျှမက တောင်ကြီးမြို့ ရှိ ပလပ်ဖောင်း မြောင်းဖုံးများကိုလည်း ခိုးယူခြင်း ခံရကြောင်း၊ အိမ်ရှေ့လမ်း လှစေချင်၍ ချိတ်ဆွဲထားသောပန်းအိုးများလည်း ခိုးယူခံရကြောင်း၊ စည်ပင်မှ ပြုလုပ်ထားသော ပန်းအိုးချိတ် အလှတိုင်များကိုလည်း ခိုးခံရကြောင်း၊ ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။
ထိုသို့ သူခိုးများသောင်းကျန်းပြီး တရားဥပဒေ မရှိသည်ကို စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့များကအရေးယူပေးခြင်းမရှိကြောင်းသိရသည်။
#PPV-006
#မှုခင်း
#ခိုးဆိုးလုယက်
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။