ခမ်းသားငေါဝ်း
ဧပြီ ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/1BCDRwr5bB/

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် နန်းပန်းရွာနေအိမ်များကို တာဝန်ရှိသူများက လာရောက်စစ်ဆေးပြီးနောက် နေအိမ်(၁၀၃)လုံးဖြိုချရကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊နန်းပန်းရွာတွင် မတ်လ၂၈ ရက်က လှုပ်ခတ်သောငလျင်ကြောင့် နေအိမ် ၁၄၇ လုံးပျက်စီးခဲ့ပြီး တာဝန်ရှိသူ လာရောက်စစ်ဆေးပြီးနောက် ပျက်စီးသည့်အထဲမှ နေအိမ် ၁၀၃ လုံးကို ဖြိုချလိုက်ရကြောင်းသိရသည်။

“အိမ်(၁၀၃)လုံးက နေထိုင်ရင်အန္တရာယ်ရှိတယ်။တာဝန်ရှိသူ လာစစ်ဆေးပြီး ဖြိုခိုင်းတာဖြစ်တယ်။တစ်ချို့က နံရံတွေဘဲ ပြိုတာဆိုပေမယ့် ယိုင်သွားတာ မခိုင်တော့တာကြောင့် ဖြိုခိုင်းတာ။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နန်းပန်းကျေးရွာသည်ငလျင်ဒဏ်ကြောင့်ပျက်စီးသည့်အိမ်များကို ပြန်လည်ထူထောင်ရေးလုပ်ငန်းလည်း ပြန်လည် စလုပ်နေပြီဖြစ်ကြောင်းသိရသည်။

ယခုတွင် နောက်ဆက်တွဲငလျင်ကြောင့် ရွာသားအများစုသည် အိမ်ပေါ်တွင် မအိပ်ရဲသေးဘဲ တဲအိမ်ဖြင့်သာ နေထိုင်နေကြဆဲဖြစ်ကြောင်းသိရသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့်နေအိမ်များ ပြန်လည်ထူထောင်ရန်လည်း အကူအညီးများစွာလိုအပ်နေဆဲဖြစ်ကြောင်းသိရသည်။

#PPV005
#humantarian
#နန်းပန်း
#နေအိမ်ဖြိုရ
#ငလျင်ဒဏ်

ပုံ-အွန်လိုင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။