ခမ်းသားငေါဝ်း
ဧပြီ ၂၅၊ ၂၀၂၅

https://www.facebook.com/share/v/158JLzvuRf/

အရက်မှူးပြီးကားမောင်းသည့်ကားသမားကြောင့် ဒို့ညီနောင်ခရီးသည်တင်ယာဥ်တစ်စီး မိုင်းပျဉ်းမြို့နယ် တုံတာရှိ ကိုးထပ်ကွေ့တွင်တိမ်း​မှောက်ကြောင်း လူမှုကူညီရေး အသင်းထံမှ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် တုံတာ ကိုးကွေ့တောင်တွင် ဧပြီလ ၂၄ ရက် ညဘက် ၈ နာရီ ခန့် အချိန်က ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက်ခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း နှလုံးလှ ပိုင်ရှင်များ လူမှုကူညီရေး အသင်းထံမှ သိရသည်။

“အကုန် အေးဆေးပဲခါးနာတဲ့ကောင်မလေး တစ်ယောက်ပဲရှိတယ်။ ကျန်တာ ဘာမှ မထိခိုက်ဘူး။ ကိုးကွေ့တောင်။ ကွေ့အမှတ် ၆ ပါ။ တုံတာ နားမှာပါ။” ဟုမျက်မြင်တစ်ဦးက ဆိုသည်။

ထိုခရီးသည်ကားသည် ကျိုင်းတုံမှ တောင်ကြီးထွက် သည့်ည ကားဖြစ်ပြီး Super custom ကား အမျိုးအစားဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ရာတွင် ပါဝင်ခဲ့သူ၏ ညီမဖြစ်သူ က “ကားမထွက်ခင် ကားမောင်းတဲ့လူက မူးနေတယ်၊ မျက်လုံးတွေ နီပြီး ယောင်ကိုင်းနေတာပဲ၊ ခရီးသည်တွေက အရှိန်ရှော့ဖို့ ပြောတာတောင် လက်မခံဘဲ သူက ရန်ပြန်လုပ်ပါတယ်၊ လမ်းမှာလည်း အေဘီစီ တစ်ဘူး ထပ်သောက်ပါသေးတယ်၊ တုံတာ ရောက်ပြီး မကြာဘူး ။ကိုးကွေ့တောင်ရဲ့ ခြောက်ကွေ့ မြောက် ကားချောက်ထဲကျတာပါ ရှင် ၊ ဒို့ညီနောင် ကားသမားပါနော်၊ အသက်တိုင်းက တန်ဖိုးရှိပါတယ်၊ သစ်ပင်သာ မရှိရင် အကုန် ချောက်ထဲကျကုန်တော့မှာပါ၊ ခုလို ပေါ့ဆပြီး နာမည်ပျက် ရှိတဲ့ ကားဂိတ်ကိုရှောင်ကြပါ၊ ကိုယ်ဝန်ဆောင်သည် တစ်ယောက် ခါးတော်တော်လေး ထိသွားတယ်၊”ဟု ဆိုသည်။

ကားပေါ်တွင် ခရီးသည် ၈ ဦးမှ ၁၀ ဦး အထိ လိုက်ပါ စီးနင်းလာကာ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် များလည်း ပါဝင်ကြောင်း ၊ ယာဉ်တိမ်းမှောက်ခြင်းကြောင့် ချောက်ကမ်းပါးရှိ သစ်ပင်ခံနေ၍ ချောက် တွင်း ပြုတ်ကျ မသွားသဖြင့် ထိခိုက် ဒဏ်ရာ ရရှိသူ မရှိကြောင်းသိရသည်။

ထိုသို့ အရက်မူးပြီး ယာဉ်မောင်းခဲ့သူကို သက်ဆိုင် ရာ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင် ထားကြောင်း ကနဦး သိရသည်။

#ppv006
#ယာဥ်တိမ်းမှောက်
#မိုင်းပျဥ်း
#တုံတာ
#ဒို့ညီနောင်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။