ခမ်းသားငေါဝ်း
ဧပြီ ၂၅၊ ၂၀၂၅
https://www.facebook.com/share/p/1EyfkUHz9e/
တောင်ကြီးမြို့ပေါ်တွင် တွဲကားများ ဖြတ်သန်းခွင့် မပြုတော့ဘဲ အသစ်ဖောက်ထားသည့် မြို့ရှောင်လမ်း အတိုင်းသာ မောင်းနှင်ရမည် ဖြစ်ကြောင်း ယာဉ်မောင်းသမားများထံမှ သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် ဧပြီ ၁၇ ရက်နေ့ကစပြီး ကုန်စည် တင်ဆောင်ထားသော တွဲကားများ မြို့ရှောင်လမ်းအတိုင်းသာ မောင်းနှင်ရမည် ဖြစ်ကာ ၊ တောင်ကြီးမြို့ကို ဖြတ်သန်း သွားလာခွင့် မပြုတော့ကြောင်း သိရသည်။
“တွဲကားတွေ မြို့တွင်းမောင်းလို့မရတော့ဘူး။ ၁၀ ဘီးကားနဲ့ လောင်စာဆီကားတော့ ဖြတ်သန်းခွင့် ရသေးတယ်။ တွဲကား အရှည်တွေ ကျောက်မီးသွေး ၊ ဘိလပ်မြေ တင်တဲ့ ကားတွေက တောင်ကြီးမြို့ရှောင် လမ်းဘက် ကနေ မောင်းရပါမယ်။ ”ဟုယာဥ်မောင်း ကားဆရာတစ်ဦးကပြောသည်။
တောင်ကြီးမြို့ ရှောင်လမ်းသည် အန္တရယ် အဆင်ူအတက်များရှိနိုင်ကြောင်း ထိုကားဆရာက သတိပေးထားသည်။
“အဲဒီ တောင်ကြီးမြို့ရှောင်လမ်းက အဆင်းရှည်ပြီး လမ်းကျဉ်းတဲ့ အတွက်နည်းနည်းတော့ သတိထားမောင်းရပါမယ်။ နောက်ပြီးမိုးတွင်း ဆိုရင်ကုန်စည်ပါတဲ့ ကားတွေ အဆင်းရှည် သတိထားမောင်းသင့်တယ်။ လမ်းကျဉ်းပြီး အဆင်းရှည်တဲ့ အပြင် တစ်ဖက်မှာလည်း ချောက်ကမ်းပါး ရှိပါတယ်၊ ရွှေညောင်ကနေ ဝင်ပြီး တောင်ကြီး ညိုမီးဂိတ်လမ်းဆုံ ကို ထွက်ပါတယ်။”ဟု၎င်း ယာဉ်မောင်းသမား တစ်ဦးက ဆိုသည်။
ရွှေညောင်မြို့မှ မြေကွက် ဝန်ဆောင်မှုပေးသူ တစ်ဦးကလည်း “ အဲဒီ တောင်ကြီးမြို့ရှောင်လမ်း ကားကြီးတွေ မဖြစ်မနေ မောင်းဖို့အတွက် တောင်ကြီးမြို့ပေါ် ကို ပေးမတက်ချင်လို့ ဒီ ရှောင်ကွင်းလမ်းကို အရင် အစိုးရလက်ထက် က စပြီး အကောင်အထည် ဖော်ခဲ့တာပါ။ အဲဒီဘက်ကို ကားတွေသွားရမယ် ဆိုတော့ မြို့ရှောင်လမ်း တစ်လျှောက် စည်ကားပြီး အကွက်တွေ စျေးတက်လာနိုင်စရာ ရှိပါတယ်။ ရွှေညောင် -တောင်ကြီး မြို့ရှောင်လမ်း ဆင်တောင် အတက်လမ်း တစ်လျှောက် မှာ မြေကွက်တွေ စျေးကောင်း လာနိုင်မလားပေါ့ ”ဟု ဆိုသည်။
မိတ္ထီလာ- တောင်ကြီး-ကျိုင်းတုံ- တာချီလိတ် အမှတ် ၂ အာဆီယံလမ်းမကြီး AH-2 သည် တောင်ကြီးမြို့လယ် မှ ကုန်တင်ယာဉ်ပေါင်း တစ်နေ့ အစီးနှစ်ရာဖြတ်သန်းကြောင်း၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ဖြစ်နေသည့်အ တွက် မြို့ရှောင်လမ်းတစ်ခု အရေး တကြီး လိုအပ်သဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ကြီး မြို့ရှောင်လမ်း စီမံချက်သည် အနည်းဆုံးအကျယ် ၁၂ ပေ ရှိကာ၊ ၁၇ မိုင် ၄ ဖာလုံ ရှိကာ၊ တံတားကြီးငယ် ၃၃ စင်း နှင့် ငွေကျပ်သန်းပေါင်း ၅၄၀၀ ခန့် ကုန်ကျစရိတ် ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တွင် စတင် အကောင်အထည် ဖော်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တောင်ကြီးမြို့ ရောက်ရှိစဉ် ယခင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက် သွယ်ရေး ဝန်ကြီး ဖြေကြားချက် အရ သိရသည်။
တောင်ကြီးမြို့၊ တောင်ဘက် မြို့ရှောင်လမ်းသည် ရွှေညောင်မှ စတင်ကာ၊ စက်မှုဇုန်အနီးရှိ မွေးမြူရေးဇုန်၊ ထီရီးကျေးရွာ၊ လင်းကွင်းကျေးရွာမှ တောင်ဘက်အတိုင်း ညိုမီးကျေးရွာ၊ နောင်ထလိ ကျေးရွာ မှ တဆင့် တောင်ကြီးအထွက် ရှိ ၄ မိုင်ကွေ့ တွင်ပြန်လည်ထွက်ရှိလာမည်ဖြစ်ပြီး၊ အေးသာယာနှင့် တောင်ကြီးမြို့ တို့ကို ရှောင်ကွင်းနိုင်ကြောင်း သိရသည်။
#PPV-006
#မြို့ရှောင်လမ်း
#ကုန်တင်တွဲကား
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။