ခမ်းသားငေါဝ်း
ဧပြီ ၂၄၊ ၂၀၂၅
https://www.facebook.com/share/v/16VcCxuatW/
အင်းလေးဒေသတွင် မတ်လ (၂၈)ရက်နေ့၌ လှုပ်ခတ်ခဲ့သည် ငလျင်ကြောင့်နေအိမ်များ ပြိုလဲပျက်ဆီးမှုများရှိသဖြင့် ရေပေါ်ရှိအိမ်များ ပြန်လည်တည့်မတ်ရန် အခက်အခဲရှိပြီး စက်ကိရိယာများလည်း လိုအပ်နေကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေ မြို့နယ် အင်းလေးဒေသ နမ့်ပန်မြို့နှင့် ရွာပေါင်း ၁၈ ရွာမှ နေအိမ် ၂၃၀၀ ကျော် လုံးဝနီးပါးပျက်စီးခဲ့ရပြီး စောင်းလဲသွားသည့်အိမ်များ ပြန်လှည်ထူထောင်ရေးလုပ်ဆောင်ရာတွင် ကုန်းပေါ်ရှိအိမ်များအတွက် လုပ်ဆောင်ရန်အဆင်ပြေသော်လည်း ရေပေါ်ရှိများ ပြန်လည်တည့်မတ်ရန် အခက်အခဲရှိနေသည်။
“သူကရေထဲမာဆိုတော့အဆင်မပြေဘူးကော၊ ကြိုးဆွဲဖို့တိုင်လုံးတောင့်တောင့်လေးရှိမှအဆင်ပြေမာ ၊ ရေထဲဆိုတော့ကုန်ပေါ်မာလို့အဆင်ပြေပြေမဆွဲနိုင်ဘူးပေါ့ ၊ ကြိုးဆွဲဖို့တိုင်လေးကခိုင်ရင်ပိုအဆင်ပြေတယ်ကောရေကတော့3ပေလောက်ပါဘဲ ၊ တချို့ရေနက်ပိုင်းဆိုရင်တော့နဲနဲခက်မာပေါ့” ဟု နမ့်ပန် ဒေသခံလူငယ်တစ်ဦးမှပြောသည်။
ရေထဲ၌ ပြုလုပ်ရ၍ တိုင်များစိုက်ရာတွင် အခိုက်အမာ မဖြစ်သော်ကြောင့် အနက်ပေ ၆ ပေ အထိ အခိုင်အမာပြုလုပ်မှသာ ဆွဲဖို့ရန် အတွက်အဆင်ပြေကြောင်းနှင့် ရေနက်ပိုင်းတွင်လုပ်ရန် မလွယ်ကူကြောင်းသိရသည်။
“ရွာကရှိတဲ့ကြိုးနဲ့ဘဲ အဆင်ပြေအောင်လုပ်ကြတာဆိုတော့ နဲနဲအချိန်ကြာတာတစ်ခုရယ် ရေထဲဆိုတော့ တစ်ဖက်ကအိမ်ကိုပြန်ဆွဲဖို့ နဲနဲတော့အခက်အခဲရှိတာပေါ့” ဟု ၎င်း ကဆက်ပြောသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်နေသော်လည်း ကျေးရွာအများစု မှာရေပေါ်အိမ်များ ဖြစ်သည့်အတွက် ဒေသအထာကို ကျွမ်းကျင်ပြီး ဆောက်လုပ်ပေးနိုင်မယ့် လက်သမားဆရာများ လိုအပ်နေကြောင်း သိရသည်။
အင်းလေးဒေသမှာ ငလျင်ကြောင့် အိမ်များ ၂၃၀၀ ကျော် ပျက်စီးခဲ့ပြီး ၃ ပတ်ကြာသည့် အထိ စစ်ကောင်စီ၏ အထောက် အပံ့များ လက်ခံ ရရှိခြင်း မရှိသေးသလို ပြန်လည်ထူထောင်ရေးများအတွက် ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း သိရသည်။
PPV0013
ဗွီဒီယို-CJ
#သဘာဝဘေး
#ညောင်ရွှေ မြို့နယ်
#အင်းလေးဒေသ
#နမ့်ပန်မြို့
#ပြန်လည်ထူထောင်ရေး
#စောင်းလဲသွားသည့်အိမ်များ
#ကုန်းပေါ်ရှိအိမ်များ
#ရေပေါ်ရှိအိမ်များ
#ပြန်လည်တည့်မတ်ရန်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7