ခမ်းသားငေါဝ်း

ဧပြီ ၂၄၊ ၂၀၂၅

ရှမ်းပြည်တပ်မတော် (SSA)တည်ထောင်ခြင်း(၆၁)နှစ်ပြည့် အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဗဟိုဌာနချုပ် ဝမ်ဟိုင်းတွင် ကျင်းပကြောင်း (SSPP/SSA)က ဧပြီလ(၂၄)ရက်တွင် ထုတ်ပြန်ထားသည်။

ထိုအခမ်းအနားကို (SSPP/SSA)နာယက ဗိုလ်ချုပ်ကြီး စေထင် ဦးဆောင်သည့် ဗဟိုကော်မတီဝင်များ၊ တပ်ဖက်၊အုပ်ချုပ်ရေးဖက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများ စုစုပေါင်း လူဦးရေ (၇၀၀၀)ကျော်ဖြင့် ယနေ့နံနက်(၇)နာရီခွဲမှ(၉)နာရီအထိ ကျင်းပခဲ့ကြောင်းဆိုသည်။

ရှမ်းပြည်တပ်မတော်(SSA)၏ (၆၁)နှစ်ပြည့်အခမ်းအနားသို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် (SSPP/SSA)ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖတို့မှ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း ဖော်ပြသည်။

ရှမ်းပြည်တပ်မတော်(SSA)တွင် ငွေရတု၊ ရွှေရတုဆုချီးမြှင့်ရန် ထိုက်တန်သူများကို ဆုချီးမြှင့်ပေးခြင်းနှင့် စစ်ကြောင်း (၁၇)ကြောင်း စစ်အင်အား (၃၀၀၀) ကျော်ခန့်က စစ်ရေးပြ အခမ်းအနားကိုလည်း ကျင်းပခဲ့ကြောင်း ထုတ်ပြန်ချက်တွင်သည်။

ရှမ်းပြည်တပ်မတော် (SSA)ကို ညောင်ရွှေ စော်ဘွား စပ်ရွှေသိုက်၏ မဟာဒေဝီဖြစ်သူ စဝ်နန်းဟိန်းခမ်းသည် ရှမ်းပြည်တွင် ပြန့်ကျဲနေသည့် ရှမ်းပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (SSIA)၊ ရှမ်းအမျိုးသား စည်းလုံးညီညွတ်ရေးတပ်ဖွဲ့ (SNUF)၊ စဝ်လတ် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့များကို ဖျက်သိမ်းစုစည်းခဲ့ပြီး ဧပြီလ(၂၄)ရက် (၁၉၆၄) ခုနှစ်၌ စတင်ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

PPV0011
ပုံ-SSPP/SSA
#ရှမ်းပြည်တပ်မတော်
#SSA
#ရှမ်းပြည်တိုးတက်ရေးပါတီ
#ရှမ်းပြည်တပ်မတော်
#SSPP/SSA
#ဗဟိုဌာနချုပ်
#ဝမ်ဟိုင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7