ခမ်းသားငေါဝ်း

ဧပြီ ၂၄၊ ၂၀၂၅

https://www.facebook.com/share/p/1CJQ6MkPvB/

ဧပြီလ ၂၁ ရက်နေ့တွင် မြေငလျင်ကြီးမားစွာ လှုပ်ခတ်မည်ဖြစ်ကြောင်း TikTok အကောင့်မှတဆင့် မဟုတ်မမှန် သတင်းမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲ ဆိုသူအား ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ဧပြီလ(၂၃)ရက်နေ့ တွင် သတင်းထုတ်ပြန်ထားးသည်။

၎င်းကို ဧပြီ(၂၂) ရက်နေ့ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ တိုးချဲ့ကွက်သစ်ရပ်၊ ရွှေညောင်ပင်လမ်းရှိ နေအိမ်သို့ သွားရောက်ရှာဖွေပြီး John (Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိထားသူ ဂျွန်းမိုးသဲ ဆိုသူသည် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ အကြိမ်(၂၀)ဝန်းကျင် လိုက်ပါ လုပ်ဆောင်ခဲ့မှုကြောင့် မုံရွာ ရဲစခန်းမှ ရာဇသတ်ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့သော်လည်း ၎င်းသည် အသက်မပြည်သေးသူဖြစ်၍ မုံရွာခရိုင်တရားရုံးက မိဘအုပ်ထိန်းမှုအောက်တွင် ကောင်းမွန်စွာ နေထိုင်ရန် အမိန့်ချမှတ်ံခံခဲ့ရသူ တစ်ယောက်ဖြစ်သည်။

ထို့ပြင် ၂၀၂၁ မေ (၂၈) ရက်တွင်လည်း ကော့ကရိတ်မြို့မှတဆင့် KNDO တပ်ရင်း ၆ သို့ သွားရောက်ခဲ့ပြီး သင်တန်းသား ၇၅ ဦးနှင့်အတူ သင်တန်းတက်ခဲ့ကြောင်း၊ ထို့နောက် အဖွဲ့အစည်းများအတွက် အွန်လိုင်းမှတဆင့် အလှူငွေများ ကောက်ခံ ထောက်ပံ့ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၎င်းသည် ထောက်ပံ့လုပ်ဆောက်မှုကြောင့် ၂၀၂၂ အောက်တိုဘာလတွင် ထောင်ဒဏ်(၂) နှစ် ကျပြီး ၂၀၂၃ ဇွန်လတွင် ပြန်လည် လွတ်မြောက်လာပြီးနောက် ဗေဒင်လက္ခဏာပညာအား အသုံးချ၍ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလတွင် TikTok ၌ John(Palmistry) အမည်ဖြင့် အကောင့်ဖွင့်လှစ်ကာ နိုင်ငံရေးဆန့်ကျင်မှုများနှင့် မြေငလျင်သတင်းမှားများကို မဟုတ်မမှန်ရေးသားသည်ကို စိစစ်တွေ့ရသည်ဟုထုတ်ပြန်ထားသည်။

PPV0013
ပုံ-အွန်လိုင်း
#မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်
#TikTok
#မဟုတ်မမှန်သတင်းမှားဖြန့်ဝေခဲ့သူ
#John(Palmistry)
#ဂျွန်မိုးသဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7