ခမ်းသားငေါဝ်း
ဧပြီ ၂၄၊ ၂၀၂၅
https://www.facebook.com/share/p/1F2BtgwqWE/
မျက်မှောက်ခေတ်မြန်မာ့နိုင်ငံရေး၊ ပအိုဝ်းဒေသနိုင်ငံရေးနှင့် နိုင်ငံတကာအင်အားစုများ အချင်းချင်းကြား ချိတ် ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် ပအိုဝ်းလူမှု့အဖွဲ့အစည်းများက ၂၀၂၅ ခုနှစ် မတ်လတွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ဖိုရမ်တစ်ရပ်ကျင်းပခဲ့ကြောင်းသိရသည်။
ထိုဖိုရမ်တွင် ပအိုဝ်းလူမှုအဖွဲ့အစည်းပေါင်း ၈ ဖွဲ့နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး အဓိက မျော်မှန်းချက် သုံးရပ်ကို ချမှတ်ခဲ့ကြောင်းနှင့် ထုတ်ပြန်ချက်ကို ဧပြီ ၂ ရက်က ထုတ်ပြန်လာသည်။
‘’အဓိက နှစ်ချက်ပါ တစ်အချက်က ပအိုဝ်းမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးစကားပြောတဲ့ယဉ်ကျေးမှုမရှိခဲ့ဘူး၊ ဘယ်လုပ်ငန်းမဆို အကောင်ထည်ဖော်တိုင်း ပအိုဝ်းအစုအဖွဲ့အချင်းချင်းကြား တွေ့ဆုံဆွေးနွေးစကားပြောတဲ့ယဉ်ကျေးမှုတခုပေါ်ထွန်းစေချင်တယ်၊ နှစ်အချက်က စစ်တပ်အာဏာမသိမ်းခင်ကတည်းက သမိုင်းစဉ်ဆက်အရ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ရရှိရေးတို့ကျိုးပမ်းတဲ့နေရာမှာ ပအိုဝ်းကကျရာအခန်းကဏ္ဍ အခြားတိုင်းရင်းသားညီနောင်နည်းတူ လက်တွဲလုပ်ဆောင်တာရှိခဲ့တယ်၊ အခြေအနေကြောင့် နာမည်ထုတ်ဖော်တာမျိုး လူသိရှင်ကြားပြောတာမျိုး အခက်ခဲရှိလို့ မသိတာဖြစ်ကောင်းဖြစ်လိမ့်မယ်၊ ပအိုဝ်းလူငယ်တွေအနေနဲ့ ဒီမျိုးဆက်သစ်အနေနဲ့လည်း အခုသွားနေတဲ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးတွေကို တခြားညီနောင်တိုင်းရင်းသားတွေနဲ့တတတ်တအားလက်တွဲလုပ်ဆောင်သွားနေတယ်”ဟု ပအိုဝ်းလူမုအဖွဲ့အစည်းဖိုရမ် ကောမတီအဖွဲ့ဝင်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဖိုရမ်၏ မျော်မှန်း ဆုံးဖြတ်ချက်သည် အဓိက ပအိုဝ်းပြည်နယ်ပေါ်ထွန်းရေး၊တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းသော လူ့ဘောင်တစ်ရပ်ပေါ်ထွန်းရေးနှင့် ပအိုဝ်းအမျိုးသား တစ်ရပ်လုံး လွှမ်းခြုံနိုင်သည့် ပညာရေးစနစ်ပေါ်ထွန်းလာရေးတို့ဖြစ်သည်။
ထိုမျော်မှန်းချက် သုံးရပ်ကို ဆောင်ရွက်နိုင်ရန် ပအိုဝ်းအင်အားစုများ အခြားညီနောင်တိုင်းရင်းသားအင်အားစုများနှင့် ချိတ်ဆက်ပူးပေါင်း သွားမည်ဖြစ်ကြောင်းသိရသည်။
ထိုမျော်မှန်းချက်သုံးရပ်ကို အကောင်ထည်ဖော်နိုင်ရန်လည်း ပအိုဝ်းလူမုအဖွဲ့အစည်းဖိုရမ်မှ ဖိုရမ်တက်ရောက်သည့် ကိုယ်လှယ်များကို ဦးဆောင်ကော်မတီဝင် (၇) ဖြင့်ရွေးချယ်ဖွဲ့စည်းပေးထားကြောင်းသိရသည်။
#ppv002
#နိုင်ငံရေး
#ပအိုဝ်းလူမှုအဖွဲ့အစည်း
#ဖိုရမ်
#ပအိုဝ်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်