ခမ်းသားငေါဝ်း

ဧပြီ ၂၄၊ ၂၀၂၅

https://www.facebook.com/share/p/1EZnGiyJvG/

ဒီမောဆို အရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခု မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်ခဲ့ သော‌‌ကြောင့် နေအိမ် ၁၅ လုံး နှင့် ဆေးခန်း ၁ လုံးပျက်စီးသွားကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ကရင်နီ ပြည်၊ ဒီမောဆိုမြို့နယ် ပွန်ချောင်းစစ်ရှောင်စခန်းတွင် ဧပြီလ ၂၂ ရက်နေ့၌ ညနေပိုင်းအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၁၅ လုံး နှင့် ဆေးပေးခန်းတစ်လုံးပျက်စီးသွားခဲသည်။

” အဲ့နေ့ညနေပိုင်းမှာ မိုးအကြီးရွာတာ၊ လေတွေလည်းအရမ်းတိုက်တယ်၊ အိမ်တွေကအရမ်း မခိုင်ခန့်တာလည်းပါပါတယ်၊စစ်ရှောင် စခန်းဆို တော့ တဲပုံစံပဲဆောက်ထားကြတာ၊ တစ်ချို့အိမ်ကလည်း သစ်ပင်လှဲ လို့ ထိသွားတာလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

မိုးရာသီ ၀င်တော့မည် ဖြစ်သော ကြောင့် နေအိမ်များပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလိုအပ်နေကြောင်း သိရသည်။

” မိုးရာသီလည်းရောက်တော့မယ်ဆိုတော့ သူတို့အိမ်ကိုပြန်ပြင်ဖို့ အမြန်လိုနေပြီ၊ အကူအညီ တွေအများကြီးလိုနေတယ်ပေါ့လေ၊ ပြီးခဲ့တဲ့ ရာဂီမုန်တိုင်းတုန်းကလည်း ရေကြီးဒဏ်ကို ဆိုးဝါးခံခဲ့ရတော့ ဒီနှစ်အတွက်အများကြီး ပြင်ဆင်ထားဖို့လိုတယ်” ဟု ၎င်း ကဆက်ပြောသည်။

အဆိုပါစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၆၄ ခုရှိပြီး လူဦးရေ ၆၀၀ ကျော်နေထိုင်ကြောင်းသိရသည်။

PPV 003
ပုံ-အွန်လိုင်း
#ဒီမောဆိုအရှေ့ဖက်ခြမ်း
#စစ်ရှောင်စခန်း
#မိုးသည်းထန်စွာရွာသွန်း
#လေပြင်းတိုက်ခိုက်
#မိုးရာသီ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7