ခမ်းသားငေါဝ်း

ဧပြီ ၂၃၊ ၂၀၂၅

https://www.facebook.com/share/p/18ApAT56HP/

စစ်ကောင်စီသည် အပစ်ရပ်ထားကြောင်း ကြေညာသည့် ရက်(၂၀)ပြည့်ရက်မှာ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာတွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ကြောင်း ဧပြီလ(၂၂)ရက်တွင် TNLA မှ ထုတ်ပြန်ထားသည်။

ယမာန်နေ့ ဧပြီလ(၂၂)ရက် နံနက်(၁၀)နာရီခွဲတွင် နောင်ချိုမြို့နယ် ပြည်သူနေအိမ်များကို ရည်ရွယ်ပြီး ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူနေအိမ်(၅)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ‌ဧပြီလ(၂၁)ရက်မှာလည်း တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံး(၁၅)လုံး ကြဲချတိုက်ခိုက်သောကြောင့် TNLAတပ်သား(၁၀)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး (၃)ဦး ဒဏ်ရာပြင်းထန်ရခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီမှ အဆိပ်ငွေ့ဖြင့်တိုက်ခိုက်ခြင်းကြောင့် TNLAတပ်သားများ မူးဝေခြင်း၊ မအီမသာဖြစ်ခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ စိတ်လှုပ်ရှားမြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးကုသမှု ခံယူနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက အပစ်ရပ်ကြေညာထားသည့် ကာလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော နယ်မြေများကို စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများသို့ လေကြောင်းဖြင့် ‌ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ဧပြီလကုန်အထိ အပစ်ရပ်ထပ်တိုးကြောင်း ထပ်မံကြေညာထားသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အပစ်ရပ်ထား
#နောင်ချိုမြို့နယ်
#အုမ္မတီးကျေးရွာ
#ဂျက်ဖိုက်တာ
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7