ခမ်းသားငေါဝ်း

ဧပြီ ၂၃၊ ၂၀၂၅

https://www.facebook.com/share/p/162tEW8VEq/

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မပေါ်တာဆွဲပြီး ရှေ့တန်းမြေပြင်သို့ ပို့ဆောင်ခံရသူ စစ်ကောင်စီတပ်သား ၂ ဦး ဧပြီလ ၂၀ ရက်နေ့တွင် လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာ‌ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။

အဆိုပါ ဘက်ပြောင်းခိုလှုံလာသူ ၂ ဦးသည် ပြည်သူ့စစ်မှုထမ်း အပါတ်စဉ် ၇ အဖြစ်စစ်သင်တန်းပေးပြီး ဒီမောဆိုမြို့နယ်အတွင်းရှိ ရှေ့တန်းမြေပြင်ကိုပို့ ဆောင်ခံရသော ခလရ ၉ တပ်ရင်းမှဖြစ်ကြောင်းသိရသည်။

ထို့အပြင်၎င်းတို့နှင့်အတူ MA 1 သေနတ်တစ်လက်၊ MA 2 သေနတ်တစ်လက် ယူဆောင်လာပြီး ဘက်ပြောင်းခိုလှုံ ခဲ့ခြင်းဖြစ်ကာ ၎င်းတို့ကို ဆုကြေးငွများပေးအပ်ပြီး ကောင်းမွန်လုံခြုံစွာထားစောင့်ရှောက်ထား ကြောင်း KNDF ကဆိုသည်။

အင်အားယုတ်လျော့လာသည့် စစ်ကောင်စီသည် ပြည်သူများအား အတင်းအကျပ်စစ်မှုထမ်းခိုင်းခြင်း၊ ပေါ်တာဆွဲခြင်းများ လုပ်ဆောင်ပြီး စစ်သင်တန်းပေးကာ ရှေ့တန်းသို့ချက်ချင်းပို့ ဆောင်မှုများလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီသည် အင်အားချည့်နှဲ့လာမှုနှင့်အတူ အတင်းအဓမ္မတပ်သားစုဆောင်းမှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ပြည်သူများ အထူးသတိထားသွားလာကြရန် နှင့် အတင်းအဓမ္မ ခေါ်ဆောင်ခံရပါက နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းများ ကို ဆက်သွယ် ဘက်ပြောင်းခိုလှုံကြရန် KNDF က အသိပေးထုတ်ပြန်ထားသည်။

PPV003
ပုံ-KNDF
#ပြည်သူ့စစ်မှုထမ်း
#အဓမ္မပေါ်တာဆွဲ
#ရှေ့တန်းမြေပြင်သို့ပို့ဆောင်ခံရသူ
#လက်နက်နှင့်တကွဘက်ပြောင်းခိုလှုံလာ‌
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်
#KNDF
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7