ခမ်းသားငေါဝ်း
ဧပြီ ၂၂၊ ၂၀၂၅
https://www.facebook.com/share/p/16GzAaywdL/
လားရှိုးမြို့တွင် စစ်ကောင်စီ၏ ယာဉ်တန်းအစီးရာချီပြီး ယနေ့ နံနက်ပိုင်းကစ ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ ဧပြီလ(၂၁)ရက်က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းအပါအဝင် MNDAA၏ တာဝန်ရှိလူကြီးများနှင့် စစ်ကောင်စီဖက်မှ အရာရှိများ တွေ့ဆုံမှုတစ်ခုလုပ်ခဲ့ပြီး ယနေ့တွင် စစ်ကောင်စီ၏ ယာဉ်တန်းအစီးရာချီပြီး မြို့ထဲ ပြန်လည်ဝင်ရောက်လာကြပြီ ဖြစ်သည်။
“မနေ့ကလည်း ဆင်နှစ်ကောင်ဟိုတယ်တကျော လမ်းပိတ်ထားတယ်။ အဲ့မှာ အစည်းအဝေးလုပ်ကြတယ်ပြောတယ်။ ဒီမနက်တော့ ကားအစီးရေ (၁၅၀)ကျော်(၂၀၀)နီးပါးရှိလောက်တယ်။ ဒေသခံတွေတော့ ဘယ်လိုဖြစ်လာအုံးမလဲဆိုတာကို စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေကြရတဲ့ အခြေအနေပါ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
လားရှိုးမြို့ကို တရုတ်၏ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် MNDAAမှ လားရှိုးမြို့ကို ဆုတ်ခွာပြီး စစ်ကောင်စီမှ ပြန်လည်ဝင်ရောက်အုပ်ချုပ်မည်ဟု သတင်းထွက်ပေါ်ပြီးနောက် MNDAA နှင့် သက်ဆိုင်သည့် ဌာဆိုင်ရာ ဝန်ထမ်းများက ဧပြီလ(၂၂)ရက်မတိုင်မီကပင် မြို့ထဲမှ ပြောင်းရွှေ့မှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် အခုရက်ပိုင်းတွင် လားရှိုးမြို့ထဲရှိ အထင်ကရ ဖြစ်သည့် နေရာတွင် ထောင်ထားသည့် MNDAA၏ အလံကို ဖြုတ်ချပြီး တရုတ်နိုင်ငံ၏ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့လည်း ရောက်ရှိနေကြောင်း သတင်းရရှိသည်။
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဖြစ်သည့် လားရှိုးမြို့ကို MNDAAနှင့် ပူးပေါင်းတပ်ဖွဲ့များက (၂၀၂၄)ခုနှစ် ဩဂုတ်လ(၃)ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
PPV0011
Photo- Crd
#လားရှိုးမြို့
#တရုတ်အထူးကိုယ်စားလှယ်
#တိန့်ရှီကျွင်း
#MNDAA
#တာဝန်ရှိလူကြီးများ
#စစ်ကောင်စီ၏ယာဉ်တန်းအစီးရာချီ
#မြို့ထဲပြန်လည်ဝင်ရောက်လာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7