ခမ်းသားငေါဝ်း
ဧပြီ ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/1C3xxvTDzG/

ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ် ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်လတ်ခဲ့ခြင်းကြောင့် ကလေးအပါအ၀င် စစ်ဘေးရှောင် ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ် ၁ ဗျူဟာက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ခေါင်းအိရွာသစ်ကျေး ရွာကို ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်တွင် လက်နက်ကြီး ၁၀ လုံးခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

” ဘာတိုက်ပွဲမှလည်းမရှိဘူးဒီမှာ၊ ပြည်သူတွေကိုဦးတည်ပြီးပဲ ပစ်နေတာ၊ ဖယ်ခုံ စကခ ၇ တပ်ကနေပစ်လာတာလို့ပြောတယ်၊ စစ်ရှောင် ၇ ဦးထိသွားတယ်၊ အဒေါ်ကြီးတစ်ယောက်တော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်” ဟု ဒေသခံတစ်ကခမ်းသား ငေါဝ်းကိုပြောသည်။

ဒဏ်ရာရရှိသွားသူများအနက် အသက် ၈ နှစ်အောက်ကလေး ၃ ဦးပါ၀င်ပြီး ဖယ်ခုံကျန်းမာရေးကယ်ဆယ်ရေးအဖွဲ့ PKHC မှ ဆေးကုသပေးနလျက်ရှိ ကြောင်းသိရသည်။

စစ်‌ကောင်စီသည် ပြည်သူများကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ် နေ သောကြောင့် ပြည်သူများသတိဝီရိယဖြင့်သွားလာနေထိုင်ကြရန် ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ် ၁ က အသိပေးထုတ်ပြန်ထားသည်။

PPV 003
ပုံ-အွန်လိုင်း
#ဖယ်ခုံမြို့နယ်
#ခေါင်းအိရွာသစ်
#လက်နက်ကြီးဖြင့်ပစ်လတ်ခဲ့
#ကလေးအပါအ၀င်စစ်ဘေးရှောင်ထိခိုက်ဒဏ်ရာရ
#ရှမ်းတောင်စစ်ဒေသခွဲ
#PDF
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7