ခမ်းသားငေါဝ်း
ဧပြီ ၂၂၊ ၂၀၂၅
https://www.facebook.com/share/p/15CDcyXWS6/
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်းခမ်းကျေးရွာအနီးတဝိုက်တွင် မဟာမိတ်TNLA နှင့် DPLA တပ်များရှိရာသို့ စစ်ကောင်စီဘက်မှ အဆိပ်ဓာတ်ငွေ့ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထုတ်ပြန်ထားသည်။
၎င်းအဆိပ်ဓာတ်ငွေ့များကို ဧပြီ ၂၁ ရက်နေ့လယ်(၁)နာရီခန့်တွင် (၃)လုံး၊ နောက်ထပ် နှစ်နာရီ အကြာ တွင် (၄)လုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် အဆိပ်ငွေ့ရှူရှိုက်မိသောရဲဘော်များမှာ မူးဝေအော့အန်ခြင်း၊သွေးပေါင်ချိန်ကျခြင်း များဖြစ်ခဲ့ကြောင်း သ်ိရသည်။
စစ်ကောင်စီဘက်မှ တောင်းခမ်းကျေးရွာသို့ လေယာဥ်ဗုံးများကြဲချခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် အဆိပ်ဓာတ်ငွေ့ဗုံးများအသုံးပြု၍ ထိုးစစ်ဆင်ပြုလုပ်နေမှုကြောင့် မဟာမိတ် TNLA ၊ DPLAတပ်တို့နှင့် စစ်ကောင်စီတပ်များ ယနေ့အချိန်ထိတိုက်ပွဲဆက်လျက်ဖြစ်ပွါးလျှက် ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီဘက်မှ အပစ်အခတ်ရပ်စဲထားကြောင်း ကြေညာထားသော်လည်း အဆိပ်ဓာတ်ငွေ့ဗုံးများ အသုံးပြု၍ တိုက်ခိုက်ခြင်း ကို တောင်းခမ်းတွင်သာမက အခြားတော်လှန်ရေးတပ်များ ရှိသောနေရာများတွင်လည်း မကြာခဏ ပြုလုပ်နေကြောင်း ဖော်ပြထားပါသည်။
PPV0013
bပုံ-အွန်လိုင်း
#ရှမ်းပြည်နယ်မြောက်ပိုင်း
#တောင်းခမ်းကျေးရွာအနီး
#မဟာမိတ်
#TNLA
#DPLA
#အဆိပ်ဓာတ်ငွေ့ဗုံးများ
#ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7