ခမ်းသားငေါဝ်း
ဧပြီ ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/1E2pc33Yjj/

ရပ်စောက်မြို့နယ် ဆတ်သေ(ချို့ꩻထီ)ရွာတွင် SSPP/SSA အတွက် ၈ ပြည်ဆံ့ဆန်အပုံး ၉၀၀ ဆက်ကြေး ပေးဆောင်ရကြောင်း ဧပြီလ ၂၂ ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေ(ချို့ꩻထီ) ရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)အတွက်ဆန် ၈ ပြည်ဆံ့ပုံး အပုံး ၉၀၀ ကိုယခုရက်ပိုင်းအတွင်း ဆက်ကြေးပေးဆောင်နေရသည်။

“ဒီမှာက ၁၂ ရပ်ကွက်ရှိတယ် တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက် ဆန်ပေးရတာမတူဘူး” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဆတ်သေ (ချို့ꩻထီ) ရွာတွင် ကျောင်ꩻထျꩻ၊ ဒုံခိုႏ၊ ဟမ်ႏဗွာ၊ ကွေ့တောင်ꩻ၊ ထီရီး၊ ထီအုံႏအွတ်ꩻ၊ ဒုံထင်ꩻ၊ ယွာမ၊ လွယ်ငွုန်ꩻ၊ ဆေ့ꩻကုင်ꩻ၊ ပလောင်၊ နမ်းဟူ စသည့်ဖြင့် ရပ်ကွက် ၁၂ ကွက်ရှိပြီး တစ်အိမ်ဆန်ဘယ်နှစ်ပြည်စသည့်ဖြင့် ရပ်ကွက်အတွင်း အိမ်ခြေပေါ်မူတည်ပြီး ဆန်ပေးဆောင်တွင် ကွာခြားမှုရှိကြောင်း သိရသည်။

နောက်ဒေသခံတစ်ဦးကလည်း “ဘယ်သူမှအဆင်ပြေတယ်မဟုတ်ဘူး ဒါမဲ့လည်းကြောက်တော့ပေးရတာပဲ ပြည်သူတွေက နီးရာဓားကြောက်ရတာပဲလေ”ဟု ပြောသည်၊၊

ဆတ်သေ (ချို့ꩻထီ)တွင် PNO ပြည်သူ့စစ်အတွက် ရပ်ရွာလှုံခြုံရေးအတွက်ဟုဆိုကာ ဆက်ကြေးပေးဆောင်ရခြင်းရှိသလို စစ်သားစုဆောင်းခြင်းအတွက်လည်း လူပေးဆောင်ရသလို RCSS/SSA မှလူစုဆောင်းခြင်း ဆက်ကြေးကောက်ခြင်းများရှိခဲ့ဖူးပြီး ယခုနှစ်ပိုင်းတွင် SSPP/SSA က ရွာဘေးတွင် တပ်စခန်းတည်ဆောက်ခြင်းရှိနေပြီး သွားလာခွင့်လက်မှတ်အတွက် ငွေဆောင်ရခြင်းများလည်း ရှိနေကြောင်း သိရသည်။

ဆတ်သေ၊ မြေမဲ (ချို့ꩻထီ၊ ဟမ်ႏဖြေင်း) ဒေသတွင် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ RCSS/SSA ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ၊ PNO အသွင်ပြောင်းပြည်သူစစ်တို့ ဝင်ထွက်သွားလာမှုရှိနေပြီး ထိုကျေးရွာအရှေ့ဘက် ဖာလိုင်(ဖာလုဲင်ꩻ)တွင် စစ်ကောင်စီတပ်ရင်း တည်ရှိနေကြောင်း သိရသည်။

PPV001
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရပ်စောက်မြို့နယ်
#ဆတ်သေ
#ချို့ꩻထီ
#SSPP/SSA
#ဆန်ဆက်ကြေးပေးဆောင်ရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7