ခမ်းသားငေါဝ်း
ဧပြီ ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/1BVv1jugCK/

စံကားဒေသတွင် ရောက်ရှိလာကြသောစစ်ဘေးရှောင်များအတွက် အလှူရှင်နှင့် အလုပ်အကိုင်နည်းပါးခြင်းကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေရကြောင်း ဧပြီလ(၂၂)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတောင်ဘက်တွင် နယ်မြေမငြိမ်းချမ်းမှုကြောင့် ဒေသခံများစစ်ဘေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ကြာလာသည်နှင့်အမျှ စားဝတ်နေရေးအတွက် အခက်အခဲများရင်ဆိုင်ကြုံတွေ့လာရကြောင်း သိရသည်။

“ဒီစံကားဘက်ကဆိုရင် အရင်ကတည်းအလှူရှင်တွေသိပ်မလာကြဘူး၊ နယ်မြေမငြိမ်းချမ်းသေးတာရယ် စစ်းဆေးရေးဂိတ်များတာတွေကြောင့်လည်းပါမယ်ထင်တာပဲ၊ အခုကစစ်ရှောင်တုန်းကပါလာတဲ့ဟာတွေလည်း ကုန်သလောက်ရှိကြပြီ အလုပ်အကိုင်တွေကလည်းမရှိကြတော့ သူတို့အတွက်စားဝတ်နေရေးက တော်တော်လေးကို ခက်ခဲကြတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စံကားတောင်ဘက်ရှိ ဘုရားတောင်၊ ထီခိုး၊ ညောင်လေးပင်စသည့်ဒေသခံများသည် စံကားမြို့၊ ဆည်ခေါင်းဘုန်းကြီးကျောင်း၊ ကုန်းပြားရွာ၊ လွယ်ပေါင်၊ လှီမှီးစသည့်ကျေးရွာများသို့ ရောက်ရှိခိုလှုံနေကြ ကြောင်းသိရသည်။

“အခုကသင်္ကြန်ပြီးခါစပဲရှိသေးတာဆိုတော့ အလုပ်တွေကသိပ်မရှိသေးဘူး၊ မိုးရာသီလောက်မှအလုပ်တွေပြန်စကြမှာဆိုတော့ နဲနဲတော့ကြာအုန်းမှာ၊ သူတို့ကတော့ဘာအလုပ်ပဲဖြစ်ဖြစ် လူလိုရင်ပြောအုန်းနော် အချိန်မရွေးနေရာမရွေးအကုန်လုပ်တယ်တဲ့ နေ့စားခေါ်ဖို့ရှိရင်လည်းခေါ်အုန်းတဲ့ ကျွန်မတို့ကို ခနခနလာပြော ခုချိန်မှာအားလုံးကခက်ခဲနေကြတာဆိုတော့ သူတို့ဆိုပိုဆိုးမှာပေါ့”ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင်ထီခိုးရွာသားများသည် စစ်ဘေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအဆင်မပြေကြသော်လည်း PNOပြည်သူ့စစ်က ၎င်းတို့ကိုအလှည့်ကျ ရှေ့တန်းတွင်ကင်းစောင့်ခိုင်းခြင်းလည်း ပြုလုပ်နေကြောင်းသိရသည်။

#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသတောင်ဘက်
#နယ်မြေမငြိမ်းချမ်းမှု
#ဒေသခံများစစ်ဘေးတိမ်းရှောင်နေရ
#စားဝတ်နေရေးအတွက်အခက်အခဲများရင်ဆိုင်ကြုံတွေ့ရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7