ခမ်းသားငေါဝ်း
ဧပြီ ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/12JQofgcK8C/

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်အတွင်းတွင် ဧပြီလ (၂၁)ရက်နေ့ နေ့လည် (၁၂)နာရီ မိနစ်(၃၀)အချိန်က ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော်(DPLA) နှင့် စစ်ကောင်စီတပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီ၏ စစ်သုံ့ပန်း (၃)ဦးကို DPLAမှ ဖမ်းဆီးရမိခဲ့သည်ဟု DPLA က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“၂၀ ရက်နေ့ကတည်းက အဆိပ်ငွေ့ဗုံးကြဲတာ။DPLA ဖက်က ၅ ဦး မူးတာတို့ အန်တာတို့ ဖြစ်ကုန်တယ်။ဆေးပုလင်းတွေသွင်းရတာ။ ၄ ရက်လောက်နေမှ နေပြန်ကောင်းတာ။ ဒီဖက်ဒေသခံတွေက မရှိဘူး အကုန်စစ်ရှောင်နေကြတာ။ စစ်ကောင်စီကလည်း ထိုးစစ်တွေပြုလုပ်နေတော့ ခုထိ တိုက်ပွဲဖြစ်တုန်း။”ဟု DPLA ရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲ မဖြစ်ပွားမှီအချိန်တွင်လည်း စစ်ကောင်စီဘက်မှ ကျောက်ဂူတိုက်နယ်ကျေးရွာအနီးတဝိုက်တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း ၊လေယာဉ်ဖြင့်ဗုံးကြဲချခြင်းများကို မကြာခဏလုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

ယနေ့အချိန်ထိ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာတွင်လည်း မဟာမိတ် (TNLA)နှင့်အတူ DPLAတို့ စစ်ကောင်စီနှင့်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်းသိရ သည်။

ဇန်နဝါရီလမှ ဧပြီလအတွင်း ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော် (DPLA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲစုစုပေါင်း(၆၇)ကြိမ်အထိရှိခဲ့ကြောင်း သိရသည်။

#PPV-008
#တိုက်ပွဲ
#ကျောက်ဂူ
#DPLA

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။