ခမ်းသားငေါဝ်း
ဧပြီ ၂၀၊ ၂၀၂၅
https://www.facebook.com/share/p/1GkwR7vxHa/
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်း စခန်းသိမ်းပြီးနောက် ထိုင်းဘက်မှလှုံခြုံရေးတိုးမြင့်နေကြောင်း ဒေသခံထံမှသိရသည်၊၊
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မော်ဖားသူးစစ်ကောင်စီဗျူဟာကုန်းအား KNLA၊ KNU တပ်မဟာ ၇ မှ KNDO နှင့်မဟာမိတ်ပူးပေါင်းတပ်များ ၂ ရက်တိုင် စစ်ပွဲဖြစ်ပွားခဲ့ပြီးဧပြီ ၂၀ ရက်တွင် စခန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။
“အရင်ကထိုင်းရဲတော့ခနခနလာတယ် စစ်သားတော့မတွေ့ဖူးဘူး ခုရက်ပိုင်း ထိုင်းစစ်သားတွေအများကြီးလာတယ် ဘာကြောင့်လဲတော့မသိဘူး မြန်မာဘက်ခြမ်းကစစ်ပွဲကြောင့်ထင်တယ်”ဟု ထိုင်းမြန်မာနယ်စပ်ရှိ ဒေသခံတစ်ဦးကပြောသည်၊၊
တိုက်ပွဲဖြစ်ပွားပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် နယ်ခြင်းဆက် တာ့ခ်ခရိုင် သောင်းရင်းမြစ်တဘက်ကမ်းသို့ စစ်ဘေးရှောင်များရောက်လာကြကြောင်းသိရသည်၊၊
ထိုင်းနိုင်ငံရောက် စစ်ဘေးရှောင်များအား ထိုင်းစစ်တပ်မှဆေးကုသပေးခြင်း မုန့်နှင့်စားစရာများမျှဝေပေးခြင်း ကူညီပေးခြင်းများ လူမှုကွန်ယှက်တွင်ပျံ့နှံ့နေကြောင်း သိရသည်၊၊
PPV001
ပုံ-အွန်လိုင်း
#ထိုင်း-မြန်မာနယ်စပ်
#ကရင်ပြည်နယ်
#စစ်ကောင်စီဗျူဟာကုန်း
#ထိုင်းဘက်မှလှုံခြုံရေးတိုးမြင့်နေ
#စခန်းသိမ်းတိုက်ပွဲ
#စစ်ဘေးရှောင်
#ထိုင်းနိုင်ငံ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7