ခမ်းသားငေါဝ်း

ဧပြီ ၂၁၊ ၂၀၂၅

https://www.facebook.com/share/p/1BTzBiYtjG/

နမ့်ပန်းရွာတွင် ငလျင်အန္တရာယ် ကြုံရပြီးနောက်ဧပြီလ၂၁ ရက်နေ့တွင် ငလျင်ကြီးလှုပ်မည်ဆိုသည့်သတင်းကြောင့် ငလျင်အန္တရာယ်ကာကွယ်ရန်အတွက် အိမ်တိုင်းတဲအိမ်ဆောက်ကြပြီး နေထိုင်ကြကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းပန်းရွာတွင်လာမည့် ငလျင်အန္တရာယ်စိုးရိမ်ကြသောကြောင့် ဒေသခံများအိမ်တိုင်း တဲအိမ်ဆောက်နေထိုင်ကြသည်။

“၂၁ရက်နေ့ ငလျင်ကြီးလှုပ်မယ်ပြောတယ် တစ်ရွာလုံးက တဲအိမ်ဆောက်ပြီး တဲထဲဘဲနေတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

နန်းပန်းကျေးရွာသည် မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်သော အင်းအားပြင်းငလျင်ကြောင့် လူနေအိမ် ၁၄၇ လုံးပျက်စီးသွားခဲ့ပြီး ပင်းလောင်းတစ်မြို့နယ်လုံးတွင် ငလျင်ကြောင့်ပျက်စီးမှု အများဆုံးကျေးရွာလည်းဖြစ်သည်။

ပင်လောင်းတွင် နေ့စဉ်နီးပါးအင်အားမပြင်းသောငလျင် လှုပ်ခတ်နေပြီး ဒေသခံများကလည်း စိုးရိမ်မှုမြှင့်တက်နေရကြောင်းသိရသည်။

ထို့အပြင် နောက်ဆွဲတွဲငလျင်များကြောင့် အိမ်ပျက်စီးသူများလည်း ယနေ့ထိ ပြန်လည်ထူထောင်ရေးပြန်မလုပ်နိုင်ကြသေးကြောင်းသိရသည်။

#PPV005
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#နန်းပန်းရွာ
#ငလျင်အန္တရာယ်စိုးရိမ်ကြ
#တဲအိမ်ဆောက်နေထိုင်ကြ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7