ခမ်းသားငေါဝ်း
ဧပြီ ၁၉၊ ၂၀၂၅
https://www.facebook.com/share/p/1DYdk5mYiD/
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးရွာ အနီးတွင် ဧပြီလ (၁၇)ရက်နေ့က အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ သတ်ဖြတ်ခံရသူများသည် နွားဘန်းကြီး ကျေးရွာနေ အသက် (၃၅)နှစ်အရွယ် မချိုသဲ၊ အသက် (၂၇)နှစ်အရွယ် မသူဇာနှင့် ပွေးနဖားကျေးရွာနေ အသက် (၂၄) နှစ်ဝန်းကျင် မောင်တုံရှိုင်း တို့ဖြစ်ကြကြောင်း သိရသည်။
“အသတ်ခံရတဲ့ အမျိုးသားက သူဘာနိုင်ငံရေးမှ မလုပ်ဘူး။ သူ့ဟာသူ အရက်မူးနေတာ။ သူ့ကောင်မ လေး မချိုသဲ က စစ်ကောင်စီနဲ့ပူးပေါင်းတာတွေ ရှိတယ်။အဲတာနဲ့ဆက်စပ်ပြီး စစ်ဆေးမေးမြန်းရင်း မောင်တုံရှိုင်းပါ ဘာမှ မဆိုင်ဘဲ အသတ်ခံလိုက်ရတယ်။”ဟု ဒေသခံ အမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
အဆိုပါ အသတ်ခံရသူများသည် ဓားဒဏ်ရာများ သေနတ်ဒဏ်ရာများ တွေ့ရှိရပြီး နွားဘန်းကြီး ကျေးရွာအနီး တောင်ကုန်းပေါ်တွင် သေဆုံးလျှက်အလောင်း တွေ့ရှိရသည်ဟု သိရသည်။
ယခုကာလတွင် ရွာငံမြို့နယ်၌ မကြခဏ အသတ်ခံရမှုများ ရှိနေသောကြောင့် ဒေသခံများ စိုးရိမ်နေကြရပြီး စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိကြတော့ကြောင်း ဒေသခံများက ပြောသည်။
နွားဘန်းကြီး ဒေသခံ တစ်ဦးက“အခုလို အသတ်ခံရတာတွေက တစ်လတစ်ခါနှစ်ခါ ပုံမှန်ဖြစ်နေသလိုပဲ။အပြစ်ရှိသူရော မရှိသူရော အသတ်ခံနေရတော့ ကိုယ့်ကိုတောင် မလုံခြုံတော့သလို ခံစားလာရတယ်။ စစ်ကောင်စီကို ကြောက်ရ PDFတွေကို ကြောက်ရနဲ့ မျိုးစုံပဲ ။ဥပဒေမဲ့ လိုပဲ သတ်ချင်တိုင်း သတ်နေကြတာ။” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ (၁၂)ရက်နေ့တွင်လည်း ရွာငံမြို့နယ် ပါယ်ကင်းကျေးရွာတွင် ကျောင်းသားတစ်ဦးအပါဝင် ပျူစောထီး (၄)ဦးအသတ်ခံရကြောင်း သိရသည်။
#PPV_008
#Humanright
#လူသတ်မှု
#ရွာငံ
#နွားဘန်းကြီးရွာ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။