ခမ်းသားငေါဝ်း
ဧပြီ ၁၉၊ ၂၀၂၅
https://www.facebook.com/share/p/1KTLuQBkzn/
မိုးဗြဲတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်း- ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် ဧပြီလ ၁၉ ရက်နေ့မနက်ပိုင်းမှစပြီး တော်လှန်ရေးအင်အားစုများ နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရသည်။
“ဒီမနက်မှပဲ တိုက်ပွဲပြင်းထန်နေတာ၊ အသံတွေအကျယ်ကြီးကြားနေရတယ်၊ စစ်ကောင်စီ လေယာဉ်လာပြီးပွိုင့် 8 စက်သေနတ်နဲ့ ပစ်တယ်၊ ဗုံးကြဲသွားတာ တွေ့ရတယ်၊ ခနနေလည်း ပြန်လာအုန်းမယ်ထင်တယ်၊ ခုထိပစ်ခတ်သံတွေကြား နေရတုန်းပဲ” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီ ၏ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ ခြင်းကြောင့် မိုးဗြဲမြို့နယ် ဝါရီကောခူကျေးရွာက စစ်ရှောင်အမျိုးသမီး တစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။
#PPV 003
#တိုက်ပွဲ
#မိုးဗွဲ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။