ခမ်းသားငေါဝ်း
ဧပြီ ၁၉၊ ၂၀၂၅
https://www.facebook.com/share/p/1ARYHNu8nF/
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်ခရိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၄၃) ဦးအား အကျင့်စာရိတ္တပြုပြင်ပေးပြီး ဧပြီလ (၉)ရက်တွင်ပြန်လွှတ်ပေးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
နမ့်ဆန်ခရိုင်အတွင်းရှိသော နမ့်ဆန်မြို့နယ်မှ မူးယစ်ဆေးသုံးစွဲသူ (၂၅)ဦး၊ မန်တုံမြို့နယ်မှ မူးယစ်ဆေးသုံးစွဲသူ (၅)ဦးနှင့် သီပေါမြို့နယ်မှ မူးယစ်ဆေးသုံးစွဲသူ (၁၃)ဦးတို့ကို အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာ အကျင့်စာရိတ္တပြုပြင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါမူးယစ်ဆေးဝါးသုံးစွဲသူများသည် မြို့နယ်အသီးသီးက တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် သူများအပြင် ၎င်းတို့၏မိဘအုပ်ထိန်းသူကိုယ်တိုင် အကျင့်စာရိတ္တပြုပြင်ပေးရန် လာရောက်အပ်နှံသည့်သူများလည်းပါရှိကြောင်း TNLA ကဆိုသည်။
မူးယစ်ဆေးဝါးသုံးစွဲသူများသည် ပထမအကြိမ်တွင် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာပြစ်မှုခံရမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက (၃)နှစ်ကြာပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် မတ်လအတွင်း မိုးကုတ်မြို့နယ်မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅) ဦးနှင့် မိုးမိတ်မြို့နယ်မှ (၃၅) ဦးတို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးPSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
၁ဝ၂၇ စစ်ဆင်ရေးမတိုင်ခင်ထိ တအာင်းပြည်အတွင်းမူးယစ်ဆေးဝါးသုံးစွဲသူများပြားပြီး ယခု PSLF/TNLAအုပ်ချုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ကာ မူးယစ်ဆေးဝါးရောင်းဝယ်နှင့် သုံးစွဲသူများကို ထိရောက်စွာအရေးယူနိုင်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
#PPV 003
#မူးယစ်ဆေးဝါး
#TNLA
#စာရိတ္တပြုပြင်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။