ခမ်းသားငေါဝ်း
ဧပြီ ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/16SERFY8UX/

ထိုင်းဘာသာစကားကို အွန်လိုင်းဖြင့် သင်ကြားပေးနေသည့် မြန်မာဆရာမတစ်ဦးကို စမွတ်စာခွန်ခရိုင် ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့တို့မှ ဧပြီလ(၁၉)ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနမှာ ဖော်ပြထားသည်။

စမွတ်စာခွန်ခရိုင် လူဝင်မှုကြီးကြပ်‌ရေးမှ စုံစမ်းစစ်ဆေးမှုအရ ရွှေ့ပြောင်းလုပ်သားများကို ထိုင်းဘာသာဖြင့် ဆရာမက Facebook/Zoom ကဲ့သို့သော အွန်လိုင်း ချန်နယ်မှတဆင့် တရားမဝင်လုပ်ဆောင်နေပြီး အခြေခံထိုင်းဘာသာစကား အရေး၊ အပြော၊ အဖတ်တို့ကို သင်ကြားပေးနေကြောင်း ဖော်ပြထားသည်။

အွန်လိုင်းမှတဆင့် သောကြာနေ့မှ စနေနေ့များတွင်သာ တစ်ကြိမ်လျှင်(၂)နာရီဖြင့် အချိန်ကာလ(၂)လသင်ကြားပေး‌ပြီး သင်တန်းသားတစ်ဦးလျှင် သင်တန်းကြေး ဘတ်(၁၅၀၀)ဖြင့် ပေးဆောင်ကာ သင်ကြားကြောင်း ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်မှ ဖမ်းဆီးခံရသော ဆရာမသည် ထိုင်းနိုင်ငံတွင် လူသိများသော ဆရာမတစ်ဦးဖြစ်ပြီး အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက် ရထားသော်လည်း စာသင်ကြားခွင့် မရှိသောကြောင့် ဖမ်းဆီးခံရသည်ဟု ထိုင်းနိုင်ငံနေထိုင်သူများကြား အပြောများနေကြသည်ကို တွေ့ရသည်။

ထိုင်းအာဏာပိုင်များသည် ဥပဒေကို အရှိန်အဟုန်ဖြင့် တင်းတင်းကြပ်ကြပ် နှိမ်နှင်းရန်၊ ထိုင်းနိုင်ငံသား အလုပ်အကိုင်ကို ခိုးယူခြင်း၊ တရားမဝင်လုပ်ရပ်များ ကျူးလွန်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းအား တင်းကြပ်စွာ တားမြစ်ထားကြောင်း သိရသည်။

ဖမ်းဆီးခံရသော ဆရာမကို ထိုင်းနိုင်ငံ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဥပဒေအရ တရားစွဲဆိုရန်နှင့် ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ကို ရုပ်သိမ်းရန် ဆောင်ရွက်သွားမည်ဟု ထိုင်းအစိုးရမှ ထုတ်ပြန်ထားကြောင်း သိရသည်။

#PPV0011
#ပညာရေး
#ထိုင်းဘာသာ
#ဖမ်းဆီးခံရ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed