ခမ်းသားငေါဝ်း

ဧပြီ ၁၈၊ ၂၀၂၅

လားရှိုးမြို့အဝင်အထွက်ကို ကိုးကန့်တပ် MNDAA မှဧပြီလ ၁၈ ရက်နေ့တွင် ယာယီပိတ်ထားကြောင်း မြို့ခံထံကသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့အဝင်အထွက်အပြင် နမ့်ပေါင်လမ်းနှင့်သီပေါ-လားရှိုးလမ်းကို ကိုးကန့်တပ်မတော်-MNDAA ကယာယီပိတ်ထားသည်။

“အမျိုးမျိုးပြောနေကြတာ စစ်ကောင်စီကပြန်ဝင်မယ့်ကိစ္စကို နှစ်ဘက်ဆွေးနွေးဖို့အတွက် ပိတ်တယ်လို့ပြောသံကြားတာပဲ။ ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာတော့မသိဘူး” ဟုမြို့ခံအမျိုးသားတစ်ဦးကပြောသည်။

ထို့အပြင် လားရှိုးမြို့ထဲတွင် ကိုးကန့်တပ် MNDAA ဘက် ရဲများလည်း အကုန်တစ်ခါတည်း ဆုတ်ခွါသွားကြောင်းသိရသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်မတော် MNDAA ကလာမည့် ဧပြီလ ၂၁ ရက်နေ့တွင် စစ်ကောင်စီကိုပြန်လည်လွှဲပြောင်းပေးမည်ဆိုသည့် သတင်းကြောင့် လားရှိုးမြို့ခံများစိုးရိမ်ပူပန်နေကြရကြောင်း သိရသည်။

#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#လားရှိုးမြို့
#အဝင်အထွက်
#နမ့်ပေါင်လမ်း
#သီပေါ-လားရှိုးလမ်း
#ကိုးကန့်တပ်မတော်
#MNDAA
#ယာယီပိတ်ထား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7