ခမ်းသားငေါဝ်း
ဧပြီ ၁၉၊ ၂၀၂၅
https://www.facebook.com/share/p/1EWkLcwti3/
တောင်ကြီးမြို့ ၊ အိုးရှင်းစင်တာကို ပြန်လည် ဖွင့်လှစ် ခွင့် ပြုလိုက်ကြောင်း ဧပြီလ ၁၉ ရက်တွင် တောင်ကြီး မြို့နယ် စည်ပင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မတ်လ (၂၉) ရက်မှစတင်၍ ယာယီ ပိတ်သိမ်းခဲ့သော တောင်ကြီး ရှော့ပင်းစင်တာကို အင်ဂျင်နီယာ အဖွဲ့များဖြင့် စစ်ဆေးပြီးနောက် ပြန်လည် အသုံးပြုမည် ဆိုပါက အန္တရာယ် မဖြစ်နိုင်ဟု သုံးသပ် အကြံပြုချက်အရ၊ ရှမ်းပြည်နယ် စည်ပင်သာ ယာရေးဌာနက ဧပြီလ ၁၈ ရက်တွင် တောင်ကြီး ရှော့ပင်းစင်တာအား ပြန်လည် ဖွင့်လှစ်ခွင့်ပြုကြောင်းထုတ်ပြန်ထားသည်။
“အမှန်တိုင်းပြောရင် ကျွန်မ ကတော့ မသွားရဲဘူး။ အရင် ကအဲ့နေရာတွေက နွံအိုင်ဖို့မြေလေ။ ပြီးတော့ မန္တလေး တို့ဘက်မှာ ငလျင်ကလည်း နေ့တိုင်းလှုပ်နေတယ်။ ဆိုင်ခန်းရှင်တွေအနေနဲ့ကလည်း ကျီးလန့် စာစားနေရမှာပဲ ။ အိုးရှင်းဘက်က ထုတ်ပြန်တာ ၂ ခု လားပဲတွေ့တယ်။ အောက်ခြေတိုင်တွေကို စစ်ဆေးထားတာပုံတွေပေါ့။ အများ အကျိုးအတွက် ကြည့်ပြီး ဆုံးဖြတ်သင့်တယ်လို့ ပြောချင်ပါတယ်။” ဟု ဈေးဝယ် တစ်ဦးက ပြောသည်။
တောင်ကြီးရှော့ပင်း စင်တာသည် မတ်လ ၂၈ ရက် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အတွင်းပိုင်း ထိခိုက်မှုများ ရှိကြောင်းကိုလည်း သွားရောက် ခဲ့သူများ၏ ပြောပြချက်အရ သိရပြီး ၊ ကွဲအက်သွားသော ကြွေပြားများကိုလည်း အစား ထိုး လဲလှယ်ထားကြောင်း သိရသည်။
တချို့ ကလည်း အများပြည်သူနှင့် သက်ဆိုင်သော ကိစ္စရပ် များကို အလျင်စလို ဆုံးဖြတ်ရန် မသင့်တော် ကြောင်း နှင့် အချိန်ယူ လေ့လာဆန်းစစ်ပြီးပါမှ တိကျသော ရလဒ်များကို အချက်အလက် ဒေတာ များနှင့် တကွ ထုတ်ပြန်သွားလျှင် အများပြည်သူ ကို လေးစားရာ ရောက်ကြောင်း ဝေဖန် နေကြသူများလည်း ရှိသည်။
ငလျင်လှုပ်ပြီးနောက် ၂၂ ရက် အတွင်း ပြန်လည် ဖွင့်လှစ်ခွင့် ပြုလိုက်သဖြင့် တချို့ကလည်း အံ့သြ နေကြပြီး ၊ ဆိုင်ခန်း ဝယ်ယူထားသော ဆိုင်ခန်းရှင် တချို့ကလည်း ပြန်လည် ဖွင့်လှစ်ချင်သူများလည်း ရှိနေကြောင်း သိရသည်၊၊
တောင်ကြီး ရှော့ပင်း စင်တာတွင် ဆိုင်ခန်းပေါင်း ထောင် နှင့် ချီ ရှိကာဝန်ထမ်းပေါင်း မြောက်များစွာ မှီခိုအားထား ရသော ကုန်တိုက် တစ်ခု ဖြစ်ကြောင်း သိရသည်။
တောင်ကြီး ရှော့ပင်း စင်တာ ဘက် မှ ဖွင့်လှစ်မည့် ရက် ကို ထပ်မံ အသိပေး ကြေညာ သွားမည် ဖြစ်ကြောင်း ကိုလည်း ဆိုထားသည်။
#ppv006
#social
#အိုးရှင်းစင်တာ
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။