၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်

ခမ်းသားငေါဝ်း /MFCN/The Red Flag
Fact Check – အချက်လက်စစ်ဆေးခြင်း

MNDAA က လားရှိုးမြို့မှာ လုယက်မှု့ လူသတ်မှု ကျူးလွန်သူတို့ကို သေဒဏ်ပေးတာနှင့် ပတ်သက်ပြီး စစ်ကောင်စီ လော်ဘီတို့က ဝါဒဖြန့်ချိမှုတွေ လုပ်လာပါတယ်။ ဖြန့်ဝေတဲ့ အကြောင်းအရာမှာ “လူပုံအလယ် ပြည်သူ ၅ ဦးကို MNDAA အဖွဲ့က သေနတ်နဲ့ ပစ်သတ်တယ်။သူပုန်ဥပဒေအတိုင်း ပေါ်ပေါ်ထင်ထင် လူသတ်ပြတယ်။ အသတ်ခံရတာက ဗမာလူမျိုးတွေ ဖြစ်တယ်” ဆိုပြီး ဧပြီလ ၁၁ ရက်နေ့ တယ်လီဂရမ်ချန်နယ်မှာ ဖြန့်ဝေထားပါတယ်။

ထိုအကြောင်းအရာကို စစ်ကောင်စီ အားပေးအားမြောက်သူ ရွှေနေကြာ တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေထားတာဖြစ်ပြီး ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးနေချိန်မှာ ကြည့်ရှုသူ ၈၄၈ ဦး ရှိနေပြီး လိုက် ရီအက်ပေးသူ ၂၄ ဦးအထိ ရှိနေပါတယ်။

သတင်းဖြန့်ဝေ လင့် – https://archive.ph/dlyZa

ထိုပျံနှံတဲ့အကြောင်းအရာကို Myanmar Fact-Checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့ကနေ စိစစ်ကြည့်တဲ့အခါမှာ မူလဖြစ်စဥ်ကို အသုံးချပြီး ပြည်သူတွေအနေဖြင့် MNDAA အပေါ် ယုံကြည်မှု လျော့ကျရန်အတွက် ရေးသားဖြန့်ဝေခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။

သတင်းစိစစ်ချက်

လားရှိုးမြို့နှင့် အနီးတစ်ဝိုက်မှာ မုဒိမ်းမှု၊ သေနတ်ဖြင့် ဓားပြလုယက်မှု ၂၁ မှု နှင့် လူ ၂၀ ကျော် လူသတ်မှု ကျူးလွန်သူ (၈)ဦးကို သေဒဏ်နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်းဖြစ်ကြောင်းကို ယုံကြည်စိတ်ချရတဲ့ မီဒီယာများက ဖော်ပြထားမှုကို စစ်ဆေးတွေ့ရှိရပါတယ်။

ဒေသတွင်း မီဒီယာဖြစ်တဲ့ ကိုးကန့်ကွန်ရက်၏ ဖော်ပြချက်မှာ တရားမျှတမှုပါတီဗဟိုနှင့် အထူးဒေသအုပ်ချုပ်ရေး ကော်မတီ၏ ပြင်းထန်သည့် ရာဇဝတ်မှုများကို အပြင်းအထန် နှိမ်နင်းရေး ဆုံးဖြတ်ချက်များကို နက်နက်ရှိုင်းရှိုင်း အကောင်အထည်ဖော်ရန်နှင့် လူမှုတည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကာကွယ်ရန် ၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ(၁) သည် လားရှိုးမြို့၌ တရားစီရင်ရေး အခမ်းအနားကျင်းပပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ဓားပြလုယက်မှုနှင့် မုဒိမ်းမှုစသည့် ပြင်းထန်သော ရာဇဝတ်မှုများကျူးလွန်ခဲ့သည့် ပြစ်မှုကျူးလွန်သူ ၈ ဦးအား တရားဝင် အပြင်းအထန် အရေးယူခဲ့ကြောင်းကို ကိုးကန့်သတင်းကွန်ရက်မှ ဖော်ပြထားပါတယ်။

The Kokang Link – https://www.facebook.com/share/v/15sHQsPJAj/?mibextid=wwXIfr

သမီးအရင်းကို မုဒိမ်းကျင့်သူ တစ်ဦးနဲ့ လူသတ်မှု၊ ခိုးမှု၊ လုယက်မှု ကျူးလွန်သူ ၈ ဦးကို MNDAA က သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်လိုက်ကြောင်းကို Western News မှလည်း ထပ်တူ ဖော်ပြထားပါတယ်။

Western News Link – https://www.facebook.com/share/r/19nGTbPkkR/?mibextid=wwXIfr

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) က လားရှိုးမြို့နယ်အတွင်း လူသတ်မှုကျူးလွန်သူ တရားခံ ၅ ဦးကို ဧပြီလ ၁၀ ရက်နေ့မှာ သေဒဏ်ပေး ကွပ်မျက်ခဲ့ကာ ကျန် ၃ဦးကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း၊ သမီးဖြစ်သူအား မုဒိန်းမှုကျူးလွန်သူကို ထောင်တသက်ပြစ်ဒဏ်၊ လုယက်မှု၊ ဓားပြမှု၊ အပြင်းအထန်နာကျင်စေမှုတို့ ကျူးလွန်သူနှစ်ဦးအနက် တဦးမှာ သေဒဏ်( ၂ နှစ်ဆိုင်းငံ့) နှင့် တဦး ထောင်ဒဏ်တသက် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်းကိုလည်း ဧရာဝတီသတင်းဌါနမှ ဖော်ပြမှုကို ဖတ်ရှု့နိုင်ပါတယ်။

The Irrawaddy link – https://shorturl.at/Ehsej

သုံးသပ်ချက်

လာရှိုးမြို့ ဧပြီလ ၁၀ ရက်နေ့မှာ MNDAA မှ ပြစ်မှုကျူးလွန်သူ ၅ ဦးကို သေဒဏ် ကွပ်မျက်ခဲ့ခြင်းနှင့် ကျန်(၃)ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တဲ့ အကြောင်းအရာမှာ သတင်းမှန်ဖြစ်ပါတယ်။

စစ်ကောင်စီလော်ဘီတွေ ဝါဒဖြန့်ထားသလို ပြည်သူ (၅)ဦးကို MNDAAမှ သတ်ဖြတ်တယ်ဆိုတာက ထို အသတ်ခံရသူ (၅)ဦးတို့သည် ပစ်မှုကျူးလွန်ထားသောကြောင့် တရားဥပဒေအရ ကွတ်မျက်စီရင်ခြင်းသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။

ထိုဖြစ်စဉ်အကြောင်းအရာကိုအသုံးချပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက တိုင်းရင်းသားအဖွဲ့အစည်း အုပ်ချုပ်တဲ့နယ်မြေတွေမှာ လူသတ်မှုကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေကြောင်းနှင့် ကျူးလွန်ခံရတဲ့ ပြည်သူတွေမှာ ဗမာများဖြစ်ကြောင်းဖြန့်ချိထာပြီး ပြစ်ဒဏ်ချမှတ်သည့် ဖြစ်စဉ်အကြောင်းအရာအချက်အလက်များ ချန်ထားပြီး လူမျိုးရေးဝါဒဖြန့်ချိနေကြောင်းစစ်ဆေးတွေ့ရှိရသည်။

သတိပြုရန်

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။

ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း