ခမ်းသားငေါဝ်း
ဧပြီ ၁၁၊ ၂၀၂၅
https://www.facebook.com/share/p/1AXRtDLfs9/
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ရွာငံ-အောင် ပန်း လမ်းပိုင်း တစ်နေရာတွင် ဓနုပြည်နယ်အမျိုး သားကာကွယ်ရေးတပ်တော် (DSNDA)မှ စစ်ဆေးရေးလုပ်ဆောင်နေစဉ် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးကို ပစ်ခတ်ရှင်းလင်း လိုက်သည်ဟု ဧပြီလ (၁၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။
DSNDA တပ်သားများသည် ဧပြီလ (၁၁)ရက်နေ့ မနက် (၆)နာရီအချိန်တွင်အဆိုပါ လမ်းခွဲတစ်နေရာ၌ စစ်ဆေးမှုလုပ်ဆောင်နေစဉ် မသင်္ကာဖွယ်ရာ ကားတစ်စီးတွေ့သဖြင့် ကားပေါ်မှ ဆင်းခိုင်းရာ ပြန်လည်ဆုတ်ခွာထွက်ပြေး သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိ မျိုးဇော်သန့် ဆိုသူသည် နေရာမှာတင်ပွဲခြင်းပြီး သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီနေ့ မနက်ပဲ ပစ်ခတ်ရှင်းလင်းလိုက်တယ်။ သူ့ဆီက ဖုန်းတစ်လုံး၊ သေနတ်အတို တစ်လက်၊ လက်ပစ်ဗုံး တစ်လုံးနဲ့ ၊ငွေသားတွေ သိမ်းဆည်းရမိတယ်။ ရွာငံအနောက်ဘက် ခြမ်းကိုလည်း စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးလိုက် လုပ်နေတာ။” ဟု DSNDA၏ ပြန်ကြားရေးဌာနက ပြောသည်။
အဆိုပါ သေဆုံးသွားသော အရာရှိသည် ရွာငံတွင် အာဏာအရှိဆုံးသူဖြစ်ပြီး ရွာငံမြို့မြောက်ဘက် ဂိတ်တွင် အဓိက စောင့်ကြပ်နေသူလည်း ဖြစ်ကြောင်း ၎င်းကဆက် ပြောသည်။
ပြည်သူများ သဘာဝဘေးသင့်နေချိန်၊ စစ်ဘေးကြုံတွေ့လာရင်လည်း ဘေးကင်းမှုရှိစေရန်ပြင်ဆင်ထားစေလိုကြောင်း DSNDA အကြံပြုထားသည်။
#PPV-008
#နိုင်ငံရေး
#ရွာငံ
#DSNDA
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။