ခမ်းသားငေါဝ်း
ဧပြီ ၁၂၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက် နယ်မြေ ၁၄ စံပယ်လမ်းတွင် ယနေ့မနက် ၇ နာရီဝန်းကျင်အချိန်က နေအိမ်တစ်လုံးမီးလောင်သွားကြောင်းသိရသည်။

အိမ်ရှင်ခရီးသွားပြီး အိမ်ငှားသာကျန်ခဲ့သည့် ပျဉ်ထောင်အိမ်နှစ်ထပ်သည်အိမ် အပေါ်ထပ်မီးလောင်ဆုံးရှုံးသွားကြောင်းသိရသည်။

‘’အိမ်ရှင်တွေမနက်က ခရီးသွားလိုက်တာ၊ အိမ်အောက်မှာ အိမ်ငှားတွေပဲကျန်ခဲ့တာ၊ အိမ်အပေါ်ထပ်တော့ မီးအကုန်လောင်သွားတယ်၊ အောက်ထပ်မှာတော့ ဘာမှမဖြစ်ပေမယ့် ပစ္စည်းတွေရေစိုကုန်တာပေါ့” ဟု မီးလောင်သည့်နေရာရောက်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

မီးလောင်မှုကြောင့် ထိုနေအိမ်တစ်လုံး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

တောင်ကြီးမြို့တွင် ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့က မင်္ဂလာဦး ရပ်ကွက် အမှတ် ၂ ရဲစခန်း ဝန်ထမ်း အိမ်ယာ နေအိမ် တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗီဒီယို – ရှမ်းပြည်နယ်မှပွဲတော်များ

#ppv002
#မှုခင်း
#မီးလောင်မှု
#ရွှေတောင်
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။