ခမ်းသားငေါဝ်း
ဧပြီလ ၁၁၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဗဟိုမဏ္ဍပ်ကို စတုဒီသာမဏ္ဍပ်အဖြစ် ပြောင်းလဲပြီး လမ်းလျှောက်သင်္ကြန်လည်းပြန်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော် အနီးရှိ ယခင်အစိုးရရုံး ဟောင်း လမ်းပေါ်တွင် မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲတော် (တောင်ကြီးမြို့) ဟူသော ဆိုင်းဘုတ် ကိုလည်း ပြင်ဆင်နေကြသည်ကို ယနေ့ မွန်းလွဲပိုင်း အချိန်တွင် မြင်တွေ့ခဲ့ရသည်။
မူလ စီစဉ်ထားသော ဗဟိုမဏ္ဍပ်ကို စတုဒီသာ မဏ္ဍပ်အဖြစ် ပြောင်းလဲလိုက်ကာ အတီးအမှုတ် မပါဝင်ဘဲ ရိုးရာမပျက် လမ်းလျှောက်သင်္ကြန် ကိုသာ ပြုလုပ်သွားရန် စီစဉ်သည်ဟု သိရသည်။
“ ဗဟိုမဏ္ဍပ်ကို စတုဒီသာ မဏ္ဍပ်ဆိုပြီး ပြောင်းလိုက်တယ်။ လမ်းလျှောက် သင်္ကြန် ပြုလုပ်ဖို့အတွက် လမ်းပေါ် မှာ စင်တွေနဲ့ ထီးတွေ အလှဆင်ထားတာ မြင်ခဲ့ရတယ်။ ရိုးရာ လမ်းလျှောက်သင်္ကြန် ကိုသာ ပြုလုပ်မယ်လို့လည်း သိရတယ်။ ” ဟု သတင်း ရင်းမြစ် တစ်ဦးက ဆိုသည်။
တောင်ကြီးမြို့ ၊ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် ဖျော်ဖြေမှု မပြုလုပ်တော့ဘဲ စတုဒီသာ ကျွေးမွေးခြင်း တို့ကိုသာ ဆောင်ရွက်သွားမည်ဟုသိရပြီး ၊ အတီးအမှုတ် ဖျော်ဖြေမှု မပါဝင်ဘဲ ရိုးရာမပျက် လမ်းလျှောက် သင်္ကြန် ကို ကျင်းပသွားမည် ဟူ၍ လည်း သိရသည်။
ရှမ်းပြည်နယ် လွှတ်တော်ရှေ့ လမ်း၊ ကိုယ်ပွား သတင်းစာတိုက် လမ်းရှေ့ ၊ စည်ပင်သာယာရေး ရုံး နှင့် ထွေအုပ်ရုံး ရှေ့ လမ်းတစ်လျှောက် တို့တွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေသည်။
ငလျင်ဘေးကြုံတွေနေရချိန်တွင် လမ်းလျောက်သင်္ကြန် ပြင်စဥ်သည်ကို ဝေဖန်ပြောဆိုကြ၍ ဧပြီလ ၄ ရက်နေ့ရပ်နားထားပြီး လက်ရှိတွင်ပြန်လည်ပြင်ဆင်နေကြောင်း သိရသည်။
တောင်ကြီးမြို့ ၊ ယခင် အစိုးရ ရုံးဟောင်း ရှေ့ ၊ သမိုင်းဝင် အဆောက်အအုံ ရှေ့နားတွင် စတုဒီသာ မဏ္ဍပ် ကို ပြင်ဆင်ထားပြီး ဆက်လက် တည်ဆောက်နေသည်ကိုလည်း မြင်တွေ့ရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန် နှင့် တောင်ကြီးမြို့ တို့တွင် မတ်လ ၂၈ ရက် လှုပ်ခတ်သွားသော ငလျင် ဘေးဒဏ်ကြောင့် ထိခိုက်မှုများစွာ ရှိခဲ့ပြီး ၊ အင်းလေးကန်တွင် လူ ၉၀ ဦးခန့် အသက်ဆုံးပါးခဲ့ရကြောင်း သိရသည်။
#PPV-006
#သင်္ကြန်
#တောင်ကြီး
#လမ်းလျောက်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။