ခမ်းသားငေါဝ်း
ဧပြီ ၁၂၊ ၂၀၂၅

ငလျင်ဒဏ် ကြောင့်ထိခိုက်ပျက်စီးသွားသည့် ရွာမကျေးရွာ နန့်ပန်ကျောင်းတိုက်သည် အကူညီများလိုအပ် နေကြောင်းဒေသခံထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရွာမကျေးရွာ နန့်ပန်ဘုန်းကြီးကျောင်းတိုက်သည် မတ်လ ၂၈ ရက်ကလှုပ်ခတ်သွားသည့် ငလျင်ကြောင့် ကျောင်သပတ်လည်အက်ကွဲပြီး နေထိုင်၍မရတော့ဘဲ ဖြိုချခဲ့ရကြောင်း ရသည်။

“ကျောင်းကဖျက်ချပြီပြန်ဆောက်ရမယ်ဗျာ၊ အလှူငွေများလိုအပ်နေပါတယ်၊ မေတ္တာရပ်ခံအပ်ပါတယ်”ဟု ဒေသခံတစ်ဦး ကခမ်းသားငေါဝ်းကိုပြောသည်။

အခြားဒေသခံအမျိုးသမီးတစ်ဦးက”ကျောင်းပတ်လည် မြေတွေက အက်ကွဲကြောင်း အကြီးကြီးတွေနဲ့ ကျောင်းလဲ ယိုင်သွားတော့ ဖြိုလိုက်ရတာ”ဟုပြောသည်။

ငလျင်ကြောင့် ကျောင်းတိုက်ရှိရဟန်းသံဃာများ ကျေးရွာရှိနေအိမ်တွင်သီတင်းသုံးနေထိုင်ရသလို ရွာမရှိ ဘော်လီဘောကွင်းတွင်လည်း သီတင်းသုံးနေထိုင်ရကြောင်းသိရသည်။

ရွာမရွာ နန့်ပန်ဘုန်းကြီးကျောင်းသည် ဥူးဇင်း(၉)ပါးနှင့် ကိုရင် (၆)ပါး သီတင်းသုံးနေထိုင်ကြကြောင်းသိရသည်။

ထို့အပြင် ထိုကျောင်းတွင် စစ်ဘေးတိမ်းရှောင်သူ ပြည်သူ ၃၀ လည်းခိုလုံနေကြပြီး ငလျင်ကြောင့် အခက်ခဲဖြစ်ကြကုန်ကြောင်းသိရသည်။

#ppv002
#ငလျင်ဘေး
#နန့်ပန်ကျောင်း
#ရွာမ
#အင်းလေး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။